၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၏ နောက်ကြည့်မှန် လုံးချင်းဝတ္တုကို ရုပ်ရှင်ရိုက်ကူးရန် ဝယ်ယူလိုက်ကြောင်း ဒါရိုက်တာ ဝင်းထွန်းထွန်းက ယမန်နေ့က အတည်ပြု ပြောကြားသည်။ နောက်ကြည့်မှန် ဝတ္တုကို ထိုင်းနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ဝေခဲ့ဖူးပြီး ထိုစဉ်ကတည်းက ဒါရိုက်တာ ချိုတူးဇော်က ရုပ်ရှင်ရိုက်ကူးရန် ကမ်းလှမ်းဖူးကြောင်း၊ ဒါရိုက်တာ ဝင်းထွန်းထွန်းက အသိအမှတ်ပြုပြီး ဝမ်းသာအားရ ဝယ်လိုက်သည်ဟု ဖြစ်စေလိုကြောင်း၊ ဤဝတ္ထုကို ဒါရိုက်တာ နှစ်ဦးစလုံး ပူးတွဲဇာတ်ကားရိုက်ရန် ဖြစ်နိုင်လျှင် ရိုက်နိုင်ကြောင်း ဦးမင်းကိုနိုင်က ပြောသည်။ နောက်ကြည့်မှန် ဝတ္ထုကို အမြင့်ဆုံးအနုပညာကြေး ပေးဝယ်သည်ဟု ဆိုသော်လည်း ကြေးပမာဏကိုမူ နှစ်ဖက်စလုံးမှ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။