နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့သော ထိုင်းနိုင်ငံခရီးစဉ်ကို ယခုရက်ပိုင်းအတွင်း သမ္မတ ဦးသိန်းစိန် လာရောက်မည်ဟု အတည်ပြုလိုက်ကြောင်း သိရသည်။ ဇွန်လအစောပိုင်းက ဘန်ကောက်မြို့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ သမ္မတ ဦးသိန်းစိန် တက်ရောက်ရန် စီစဉ်ထားသောလည်း ဖျက်သိမ်းခဲ့သည်။ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလတ် ရှင်နာဝပ်တို့သည် မြန်မာ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ပူပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ ရေးထို့ရေးနှင့် မြန်မာက အာဆီယံ ဥက္ကဋ္ဌ ရာထူးကို ၂၀၁၄ တွင် လက်ခံရယူရေး ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။