သိန်းနှင့် ချီနေသော ရိုဟင်ဂျာ ဒုက္ခသည်များကို ပြန်လည်ခေါ်ယူရန် မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားဝန်ကြီး ဒီပူ မိုနီက ယမန်နေ့တွင် ခေါ်ယူပြောဆိုကြောင်း သိရသည်။ ရိုဟင်ဂျာများသည် မြန်မာပြည်မှ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြန်လည် ခေါ်ယူသင့်ကြောင်း ဒီပူ မိုနီက ပြောဆိုသည်ဟု ဒါကာမှလာသော သတင်းများက ဖော်ပြသည်။ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံသား မဟုတ်ကြောင်းနှင့် ဒုက္ခသည်စခန်းများ ဖွင့်ထားပေးပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အကူအညီပေးရေး အစီအစဉ်ကို စဉ်းစားနေကြောင်း မကြာသေးမီက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။ တရားဝင် ကိန်းဂဏန်းများအရ အထောက်အထားရှိသည့် ရိုဟင်ဂျာ ၃ သောင်းနှင့် အထောက်အထားမဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၄ သိန်းခွဲရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။