ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများနှင့် တခြားသော မွတ်စလင် လူနည်းစုများအပေါ် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်တန့်သွားစေရေး ဆောင်ရွက်ရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)က မြန်မာ အစိုးရကို တောင်းဆိုလိုက်သည်။ အရေးပေါ် အခြေအနေ ကြေညာပြီးနောက်ပိုင်း၌ ထိုသို့ ဖမ်းဆီးမှု များလာကြောင်း၊ ခွဲခြား ဆက် ဆံခံရမှုများလည်း ရှိကြောင်း၊ ထို့ကြောင့် မြန်မာအာဏာပိုင်များအနေနှင့် ခွဲခြား ဆက်ဆံခြင်း မရှိဘဲ လုံခြုံရေးအတွက် အကာကွယ် ပေးရန် တာဝန်ရှိကြောင်း AI ၏ ယမန်နေ့က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ရခိုင်ပြည်နယ်အတွင်း အရေးပေါ်အခြေအနေ ကို သမ္မတ ဦးသိန်းစိန် က ဇွန်လ ၁၀ ရက်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။