ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ်လ ၁ ရက်မှ ၈ ရက် အထိ အိန္ဒိယ နိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း အိန္ဒိယ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် စစ်ဖက်ဆိုင်ရာ ထိပ်ပိုင်း ခေါင်းဆောင်များ နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ အိန္ဒိယ ကြည်းတပ်၊ ရေတပ်များနှင့် တခြားသော စစ်ဖက်ဆိုင်ရာဌာနများသို့လည်း သွားရောက် လေ့ လာရန် ရှိကြောင်း The Times of India သတင်း၌ ယနေ့ ဖော်ပြထားသည်။ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည်လည်း မြန်မာ နိုင်ငံသို့ ပြီးခဲ့သည့် မေလကုန်ပိုင်းက လာရောက်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။