ကချင် ဒုက္ခသည်များအတွက် ယာယီတဲ အလုံးပေါင်း ၂၅၀၀ ခန့် ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောသည်။ ကချင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တပ်များ၏ တိုက်ပွဲများကြောင့် ထွတ်ပြေး တိမ်းရှောင်နေကြရသော စစ်ဘေး ဒုက္ခသည် ၄၈၀၀၀ ကျော်အတွက် ခြင်ထောင်၊ စောင် နှင့် ပလတ် စတစ် အခင်းများကိုလည်း ကူညီထောက်ပံ့ ပေးထားကြောင်း UNHCR ပြောခွင့်ရ Vivian Tan က ပြောဆိုသည်။ အနွေးထည်များနှင့် တကိုယ်ရည် သန့်ရှင်း ကျန်းမာရေးအတွက် အသုံးအဆောင်များ ပေးရန်ရှိကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။