သတင်းတို

ထိုင်ဝမ်-ရန်ကုန် လေကြောင်းလိုင်း ဆွဲမည်

This article has been converted from Zawgyi One to Unicode

ထိုင်ဝမ်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လေကြောင်းလိုင်း ပြေးဆွဲမည် ဖြစ်ကြောင်း သတင်းရသည်။ ထိုင်ဝမ် နိုင်ငံတကာ လေကြောင်း လိုင်း ဖြစ်သော EVA Airways က စီးပွားရေး သမားများနှင့် ကမ္ဘာလှည့် ခရီးသွားများ အတွက် ရည်ရွယ် တပတ်လျှင် သုံးကြိမ် ပြေး ဆွဲရန် စီစဉ်နေကြောင်း၊ လာမည့် အောက်တိုဘာလအတွင်း စတင် ပြေးဆွဲနိုင်ရန် မျှော်လင့်ထားကြောင်း EVA Airways လေကြောင်း လိုင်းက ပြောသည်ဟု AFP သတင်း တပုဒ်တွင် ဖော်ပြထားသည်။

Loading