သတင်းတို
ဗန်းမော်-ကသာ သွား ရှပ်ပြေး ရေယာဉ် တိမ်းမှောက်
This article has been converted from Zawgyi One to Unicode
ကချင်ပြည်နယ် ဗန်းမော်မြို့မှ စစ်ကိုင်းတိုင်း ကသာမြို့သို့ ပြေးဆွဲနေသည့် ရှပ်ပြေး ရေယာဉ်တစင်း ယနေ့ နံနက် ၉ နာရီခန့်က ဧရာဝတီမြစ် အတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူအသေအပျောက် ရှိကြောင်း သိရသည်။ အဆိုပါ ရေယာဉ်တွင် ခရီးသည် ၇၀ ခန့် လိုက်ပါသွားပြီး ဗန်းမော် ဆိပ်ကမ်းမှ စတင်ထွက်ခွာရာ ရေကြောင်း အကွေ့ တွင် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဗန်းမော် ရဲစခန်းမှ ဒု ရဲအုပ် အောင်အောင်က တဦးသေဆုံးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။