• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ပြေးဒုက္ခသည်များကို အမေရိကန် ဆန်ကူညီမည်

by အောင်သက်ဝိုင်း
20 July 2012
in သတင်း
A A
စစ်ပြေးဒုက္ခသည်များကို အမေရိကန် ဆန်ကူညီမည်

မန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချယ်ကို ၎င်း၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

2.6k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ ၅၅၀၀၀ အတွက် အမေရိကန်အစိုးရက ဆန် ၆ လစာ ထောက်ပံ့သွားမည် ဖြစ်ကြောင်း အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ် (Mr. Derek J. Mitchell) က ယနေ့ ပြောသည်။

တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ သန်းခန့်ရှိသည့် ဆန် မက်ထရစ်တန် ၃၄၀၀ နီးပါးကို အမေရိကန် အစိုးရက ဒုက္ခသည် များအတွက် ထောက်ပံ့ ကူညီသွားမည် ဖြစ်ကြောင်း၊ အဆိုပါ အကူအညီ ငွေကြေးကို USAID မှတဆင့် ကမ္ဘာ့ စားနပ်ရိပ်က္ခာ အစီအစဉ် (WFP) သို့ ပေးအပ်မည် ဖြစ်ကာ WFPက ဆန်များဝယ်ယူပြီး ဒုက္ခသည်များထံ ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ၎င်းက သံအမတ်ကြီး တာဝန်ဖြင့် မြန်မာပြည်ရှိ အမေရိကန်သံရုံးတွင် ပထမဆုံး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆို လိုက်ခြင်း ဖြစ်သည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
152
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.3k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
36

“USAID က WFP ကို ဒေါ်လာ ၃ သန်း ထောက်ပံ့မယ်။ အဲဒီ ဒေါ်လာသုံးသန်းကို WFP က ဆန် ဝယ်ပြီး လူဦးရေ ငါးသောင်းခွဲ အတွက် ရိက္ခာ ခြောက်လစာ ကူညီမှာ ဖြစ်တယ်။ WFP က အဲဒီဆန်တွေကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း
အစိုးရ ထိန်းချုပ်ထားတဲ့ ဒေသတွေနဲ့ အစိုးရ ထိန်းချုပ်မှု မရှိတဲ့ ဒေသတွေက ရွှေ့ပြောင်း နေထိုင်ရသူတွေကို ထောက်ပံ့ သွားမှာပါ” ဟု အမေရိကန် သံအမတ်ကြီးက ဆိုသည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံတွင် အကူအညီ လိုအပ်နေသူများကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ ကူညီသွားမည် ဖြစ်သည့်အပြင် ချက်ချင်းလိုအပ်နေသော အကူအညီများနှင့် ရေရှည်လိုအပ် နေသော အကူအညီများကို ပေးရန် နည်းလမ်းများ ရှာသွားမည်ဖြစ်ကြောင်း ပြောသည်။

ဆက်လက်၍ ၎င်းက အမေရိကန် အခြေစိုက် နိုင်ငံတကာ ကုမ္ပဏီ များကို အမေရိကန် အစိုးရက မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက်ပြီ ဖြစ်သော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက
ပွင့်လင်းမြင်သာ မှုနှင့် အထူးခွင့်ပြုချက် လိုအပ်မည်ဟု ဆိုသည်။

မြန်မာ့သဘာ၀ ရင်းမြစ် ထုတ်ယူသုံးစွဲခြင်း ဆိုင်ရာ လုပ်ငန်းများ၊ အထူးသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု များသည် အရင်းအနှီး ကြီးမားသဖြင့် ယင်းကဲ့သို့သော လုပ်ငန်းများတွင် မြှုပ်နှံမည်ဆိုပါက ပွင့်လင်းမြင်သာမှုနှင့် အထူးခွင့်ပြုချက် လိုအပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အမေရိကန်ပြည်ထောင်စုက ဇူလိုင်လ ၁၁ ရက်နေ့တွင် အမေရိကန် ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက်ပြီ ဖြစ်ပြီး တာဝန်သိသော ရင်းနှီးမြှုပ်နှံမှု များသည် နှစ်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်း စေမည်ဖြစ်ကြောင်း အမေရိကန် သံအမတ်က ဆိုသည်။

“မြန်မာနိုင်ငံမှာ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေက နှစ်နိုင်ငံ ပြည်သူတွေ အကျိုးစီးပွား ဖြစ်ထွန်းစေမယ်လို့ ယုံကြည်ပါတယ်။
အမေရိကန်က ချမှတ်ထားတဲ့ တန်ဖိုးစည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ ရင်းနှီးမြှုပ်နှံမှု တွေက စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊
အလုပ်အကိုင် ရရှိမှု၊ မြန်မာပြည်သူတွေ အတွက် လူနေမှု အဆင့်အတန်း မြင့်မားမှုတွေကို အထောက်အကူပြုမှာ ဖြစ်ပြီး မြန်မာနိုင်ငံ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး ကိုလည်း အထောက်အကူ ပြုနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု သူက ဆိုသည်။

မစ္စတာ ဒဲရက် မစ်ချယ်သည် ၂၂ နှစ်အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ရသူ ဖြစ်သည်။

၎င်းသည် ယခင်က မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန၌ အကြီးတန်း အရာရှိအဖြစ် လည်းကောင်း၊ ညွှန်ကြားရေးမှူး တာဝန်ယူ၍ လည်းကောင်း ထမ်းဆောင် ခဲ့သူလည်း ဖြစ်သည်။ အမေရိကန်က ၁၉၉၀ ပြည့်နှစ်မှ စ၍ မြန်မာနိုင်ငံနှင့် သံတမန် အဆင့် လျှော့ချခဲ့သည်။

အမေရိကန် အစိုးရသည် မြန်မာနိုင်ငံအပေါ် ၁၅ နှစ်ကြာ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားရမှ ယခုလ ၁၁ ရက်နေ့တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်း ပေးလိုက်ပြီဖြစ်သည်။

သို့ရာတွင် အမေရိကန် အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင် ပတ်သက်သည်ဟု စာရင်းသွင်း ခံရသည့် မည်သည့် လုပ်ငန်းရှင်နှင့်မျှ တွဲမလုပ်လိုကြောင်း မကြာသေးမီက မြန်မာပြည်သို့ သွားရောက် လေ့လာခဲ့သည့် အမေရိကန် ကုမ္ပဏီ ၃၈ ခု၏ ကိုယ်စားလှယ်များ ပါဝင်သော စီးပွားရေးအဖွဲ့ တဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ အနေအထားအရ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် မြန်မာပြည် ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုသည့် အနေဖြင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းကာ စီးပွားရေး တိုးတက်အောင်မြင်မှုအတွက် လွှတ်တော်တွင် မူဝါဒများ ချမှတ်ဆောင်ရွက် တော့မည်ဟု ယူဆရသော်လည်း မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ အဆုံးမသတ်နိုင်သေးသည့် အပြင် ယင်းဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ ဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက ပြောဆိုသည်။

Your Thoughts …
Tags: Derek MitchellSanction
အောင်သက်ဝိုင်း

အောင်သက်ဝိုင်း

ဧရာဝတီ

Similar Picks:

၂၀၀၈ မေလ ၂၃ ရက်နေ့က နေပြည်တော်တွင် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး /  Reuters

ဦးသန်းရွှေ ပိတ်ဆို့အရေးယူမှု စာရင်းက ထွက်၊ မထွက်

by ဧရာဝတီ
6 October 2016
2.5k

မြောက်ကိုရီးယားနဲ့ ပတ်သက်သူတွေ၊ ဘိန်းမှောင်ခို ရာဇာတွေအပြင် စစ်အစိုးရခေတ်က လူ့အခွင့်အရေး၊ ချိုးဖောက်မှုတွေမှာ စီစဉ်ညွှန်ကြားသူတွေကိုတော့ စာရင်းထဲမှာ ချန်ထားမယ်ဆိုတဲ့ အတည်ပြုလို့မရတဲ့ သတင်းတွေလည်း ထွက်ရှိနေခဲ့ပါတယ်

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

by ဧရာဝတီ
19 March 2013
4.4k

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လက်ဆွဲနှုတ်ဆက် ကြခြင်းကို တွေ့ရသည်မှာ မတော်မတည့် ဖြစ်နေသလို

ဦးဝင်းအောင်, ဆန်ရှင်, စီးပွားရေး, UMFCCI

ဦးဝင်းအောင် ဆန်ရှင်ရုပ်သိမ်းမှု မြန်မာစီးပွားရေး အသိုင်းအဝိုင်း ကြိုဆို

by သစ်နေမိုး
24 April 2015
5.4k

ဦးဝင်းအောင်သည် ဒဂုံအင်တာနေရှင်နယ် စီးပွားရေးအုပ်စု၏ ဥက္ကဌလည်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ သွင်းကုန်၊ထုတ်ကုန် လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်သည်။

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေး တာဝန်ပေးရန် အတည်ပြု

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေး တာဝန်ပေးရန် အတည်ပြု

by လင်းသန့်
14 July 2012
17.4k

ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအား

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

by ရဲနည်
3 July 2013
8.5k

မြောက်ကိုရီးယားထံမှ လက်နက် ဝယ်ယူသည်ဟု စွပ်စွဲကာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်မှု စာရင်းသွင်းလိုက်ခြင်းသည် ပြန်လည် ကောင်းမွန် လာနေသော အမေရိကန်-မြန်မာ သံတမာန်ရေး ဆက်ဆံရေး ပြောင်းလဲလာမှုကို ထင်ဟပ်နေသည်။

အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်မှု ထိရောက်နိုင်ပါဦးမလား

အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်မှု ထိရောက်နိုင်ပါဦးမလား

by အဲရစ်ကာ ကင်နက်ဇ် နှင့် မက်သယူး ပန်နင်တန်
23 May 2013
3.8k

လူ့အခွင့်အရေး ဆောင်ရွက်သူများကမူ အိုဘားမားအစိုးရသည် ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန်၏ အစိုးရအပေါ် လိုက်လျောမှုများက အလျင်စလိုနိုင်လွန်းသည်ဟု စွပ်စွဲကြသည်။

Next Post
လွှတ်တော်အမတ်ပိုင် ကုမ္ပဏီရှေ့တွင် လယ်သမားများ ဆန္ဒထုတ်ဖော်

လွှတ်တော်အမတ်ပိုင် ကုမ္ပဏီရှေ့တွင် လယ်သမားများ ဆန္ဒထုတ်ဖော်

အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ အလုပ်ထုတ်ခံရမှု သက်ဆိုင်ရာသို့ တင်ပြမည်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate