သတင်းတို

စာချုပ်ဖောက်ဖျက်၍ မိုးထိ-မိုးမိ ရွှေလုပ်သားများက တရားစွဲမည်

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မိုးထိ-မိုးမိဒေသတွင် တနိုင်တပိုင် ရွှေလုပ်သားများနှင့် စာချုပ်ချုပ်ဆိုထားသည့် အချက် ၆ ချက်ကို အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီဘက်မှ ဖောက်ဖျက်သည့်အတွက် ရွှေလုပ်သားများက တရားစွဲဆိုမည် ဖြစ်ကြောင်း သိရသည်။ ပထမအဆင့်အနေဖြင့် တရားစွဲဆိုသွားမည် ဖြစ်ပြီး လိုအပ်လျှင် လုပ်သား ၅ သောင်းကျော် ထပ်မံဆန္ဒပြဦးမည်ဟု သိရသည်။ ယခုအကြိမ် ဆန္ဒပြမှုတွင် ဆိုင်ကယ် တက္ကစီသမားများနှင့် ကားလိုင်းပြေးဆွဲနေသူများပါ ပါဝင်မည်ဟု သိရသည်။

Loading