ဦးအောင်မင်းနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံ
This article has been converted from Zawgyi One to Unicode
၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီများ အပါအဝင် နိုင်ငံရေးပါတီ ၁၄ ပါတီ နှင့် အစိုးရ မီးရထား ဝန်ကြီး ဦးအောင်မင်းနှင့် စက်မှု ဝန်ကြီး ဦးစိုးသိန်းတိုသည် ယမန်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံကြောင်း သတင်းရသည်။ ဦးခွန်ထွန်းဦး ခေါင်းဆောင်သည့် SNLD ၊ ဇိုမီး အမျိုးသား ကွန်ဂရက်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ တစည ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ ကရင်ပြည်သူ့ပါတီ စသည့်ပါတီများ ပါဝင်ကြောင်း၊ လာမည့်အပတ် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံရန်အတွက် အကြိုဆွေးနွေးခြင်း ဖြစ် ကြောင်း ဝန်ကြီး ဦးအောင်မင်း၏ ပြောဆိုချက်ကို ယမန်နေ့က လွတ်လပ်သော အာရှအသံ ရေဒီယိုသတင်းတွင် ထုတ်လွှင့် ထား သည်။ ဦးအောင်မင်း သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ လည်း ဖြစ်သည်။ ဇူလိုင် ၁၈ ရက်ကလည်း ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၀ ပါတီမှ ခေါင်းဆောင်များ တွေ့ဆုံခဲ့သေးသည်။