မြန်မာနိုင်ငံတွင်းရှိ ရိုဟင်ဂျာ လူနည်းစုများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်နေခြင်းများနှင့်ပတ်သက်ပြီး ရပ်တန့်ရေး အတွက် ဥရောပ သမဂ္ဂ(EU)က သံတမန်ရေး နည်းလမ်းအရ အရေးယူ ဆောင်ရွက်သွားဖွယ် ရှိကြောင်း သိရသည်။ ထို့အပြင် ရိုဟင် ဂျာများအပေါ် အကြမ်းဖက်မှု လုပ်ရပ်များကိုလည်း အနီးကပ် စောင့်ကြည့်နေကြောင်း EU နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ကက်သလင်း အက်ရှ်တန် ၏ ပြောခွင့်ရသူ Michael Mann က ပြောသည်ဟု Todays Zaman အင်တာနက် စာမျက်နှာ သတင်း၌ ဖော်ပြထားသည်။ EU က ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်မှု အပါအဝင် မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှု တချို့ကို ယခုနှစ် အစောပိုင်းက ရုပ်သိမ်းထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။