သတင်းတို
ဦးသိန်းစိန် ထိုင်း ရေနက် ဆိပ်ကမ်း လေ့လာ
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်သည် ယမန်နေ့က ထိုင်း နိုင်ငံ ချွန်ဘူရီ ခရိုင်ရှိ လမ် ချာဘန် ရေနက်ဆိပ်ကမ်းသို့ သွားရောက် လေ့လာကြောင်း သိရသည်။ ၎င်းသည် ထိုင်း ဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်ထရာ နှင့် တွေ့ဆုံ၍ ကုန်သွယ် စီးပွားရေး ပူးပေါင်းလုပ်ကိုင်မှု ဆိုင် ရာ များ၊ စက်မှုလုပ်ငန်းများ၊ တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း နှင့် ပတ်သက်သည့် သဘောတူ စာချုပ်များ ချုပ် ဆိုဖွယ်ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ယနေ့ ဖော်ပြထားသည်။ ဦးသိန်စိန် ၏ ၂၂ ရက်နေ့က စတင်သည့် ၃ ရက်ကြာ ထိုင်း ခရီးစဉ်သည် မစ္စ ယင့်လပ် ရှင်နာဝပ်ထရာ ၏ ဖိတ်ကြားချက်ဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။