သတင်းတို

ဂျပန် Daiwa နည်းပညာ ကုမ္ပဏီ မြန်မာတွင် ရင်းနှီးမြှုပ်နှံမည်

This article has been converted from Zawgyi One to Unicode

ဂျပန်နိုင်ငံမှ ကွန်ပျူတာ အင်တာနက် လုံခြုံရေးဆိုင်ရာ ကုမ္ပဏီ ဖြစ်သော Daiwa Securities Group က မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ သန်း ၃၈၀ ခန့် တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။ မြန်မာအစိုးရနှင့် လုပ်ကိုင် နေသော ဂျပန် နည်းပညာ ဆိုင်ရာ ကုမ္ပဏီများအတွက် အဓိက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ၊ ဆေးရုံများ အပါအဝင် အစိုးရဝန်ကြီးဌာန အားလုံးနှင့် ချိတ်ဆက် လုပ်ကိုင်သွားရန်လည်း ရှိကြောင်း Reuters သတင်း၌ ဖော်ပြထားသည်။  Daiwa ကုမ္ပဏီသည် မြန်မာနိုင်ငံ စတော့ရှယ်ယာ ဈေးကွက်ပေါ်ပေါက်ရေး အတွက် အဓိက ဆောင်ရွက်နေသော ကုမ္ပဏီ ဖြစ်ကြောင်း သိရ သည်။

Loading