ပင်လုံစိတ်ဓာတ် အခြေခံပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားပြုထားသည့် ပင်လုံကဲ့သို့သော ညီလာခံကြီးတခုကို လွှတ်တော် ပြင်ပ၌ အမြန်ဆုံး ကျင်းပနိုင်ရန် ဆောင်ရွက်နေကြောင်း တိုင်းရင်းသားခေါင်းဆောင်များ က ပြောသည်။
လက်ရှိလွှတ်တော်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်ပေါ်လာသကဲ့သို့ ကိုယ်စားလှယ် အများစုသည်လည်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်များ ဖြစ်နေသည့်အတွက် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို လွှတ်တော် တွင်း ၌ ဆွေးနွေးရန် မဖြစ်နိုင်ကြောင်းလည်း ၎င်းတို့က ပြောဆိုသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီများနှင့်တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(တစည) အပါအဝင် နိုင်ငံ ရေး ပါတီ ၁၄ ခု တို့သည် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် မီးရထား ဝန်ကြီး ဦးအောင်မင်း၊ စက်မှု ဝန်ကြီး ဦးစိုးသိန်း တို့နှင့် ရန်ကုန်မြို့၌ ယမန်နေ့ က တွေ့ဆုံစဉ် အထက်ပါ ကိစ္စရပ်များအား အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီများတွင် ဇိုမီး အမျိုးသား ကွန်ဂရက်၊ မွန် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကရင် ပြည်သူ့ပါတီ စသည့်တို့ ပါဝင်သည်။
ပြည်နယ်များကို ကိုယ်စားပြုထားသည့် တိုင်းရင်းသား ပေါင်းစုံ၊ လူထုအခြေပြု လူမှုအဖွဲ့များ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ ပြည်သူများ လေးစားသည့် ပုဂ္ဂိုလ်ကြီးများ၊ ပြည်ပ အဖွဲ့အစည်းများ စ သည်ဖြင့် အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များ ပါဝင်သည့် ညီလာခံကြီးတခု အမြန်ဆုံး ကျင်းပနိုင်ရေး အတွက် တိုင်းရင်းသား များက လိုလားနေကြခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် ဝန်ကြီး ဦးအောင်မင်း က အားလုံးပါဝင်သည့် အစည်းအဝေးကြီးတခုဟု မှတ်တမ်းတင်နေခြင်းကို သဘော မကျကြောင်း၊ အစည်းအဝေးကြီး ပုံစံ မဟုတ်ဘဲ ပင်လုံကဲ့သို့ ညီလာခံမျိုးကိုသာ လိုလားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD )ပါတီ ၏ ပြောခွင့်ရသူ ဦးစိုင်းလိတ် က ဧရာဝတီ ကို ပြောသည်။
“ဦးအောင်မင်း က စာနဲ့ရေး ရင်တော့ အစည်းအဝေးကြီးတခုဆိုပြီး ရေးတယ်ဗျ၊ အလွတ်သဘော ပြောရင်တော့ ညီလာခံ ပြော လိုက်နဲ့ ပေါ့ ၊ ကျနော်တို့ကတော့ အစည်းအဝေးဆိုတာကို လက်မခံဘူး၊ အစည်းအဝေးဆိုတာက ကန့်သတ်မှုတွေ ရှိတယ်၊ လွတ်လပ်စွာ ဆွေးနွေးခွင့် နည်းပါးသွားလိမ့်မယ်”ဟု ၎င်းက ဆို သည်။
သမ္မတ ဦးသိန်းစိန် ပြောနေသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေးသည် နိုင်ငံရေး ပါ တီ များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးနေရုံဖြင့် မလုံလောက်ကြောင်း၊ တိုင်း
ရင်းသား တန်းတူရေး၊ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး ဆောင်ရွက်နိုင်မှသာ ထာဝရ ပြည်တွင်း ငြိမ်း ချမ်းရေး ရမည်ဖြစ်ကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောသည်။
“ဦးသိန်းစိန် ပြောသလိုပဲ ဒီမိုကရေစီ စနစ်ဖော်ဆောင်နေတယ်၊ တိုးတက်တဲ့ နိုင်ငံတော် တည်ဆောက်ချင်တယ် ဆိုရင် ဒီမို ကရေစီ မကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲက စာပိုဒ်တွေ ပြင်ဖို့ လိုတယ်၊ ဦးအောင်မင်း ပြောတာကတော့ ဖွဲ့စည်းပုံဆိုတာက လူတွေ က ရေးဆွဲတာ၊ ဒီတော့ ပြင်လို့ရတယ် ဆိုတဲ့ သဘော ပြောသွားတယ်”ဟု ၎င်း က ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်မည်ဆိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှှုန်း ကျော် ၏ ထောက်ခံမှု ရရှိမှသာ ပြင်ဆင်ခွင့် ရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ ဥပဒေက ဆိုထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ပြည်ထောင်စု စနစ် မဟုတ်ဘဲ တပြည်ထောင် စနစ် ပုံစံဖြင့် ရေးဆွဲထားခြင်း အပေါ် တိုင်းရင်းသားများက လက်ခံနိုင်ခြင်းမရှိဟု ဆိုကြသည်။
“၂၀၀၈ ဖွဲ့စည်းပုံက ကျနော်တို့ တိုင်းရင်းသားတွေ အတွက် ရေးဆွဲထားတာ မဟုတ်တော့ လက်မခံဘူး၊ တိုင်းရင်းသား တန်း တူရေး အတွက် ဖွဲ့စည်းပုံ ပြင်ကို ပြင်ဆင်ရမယ်၊ ဒီလိုပြင်ဆင်ဖို့အတွက်လည်း ညီလာခံကြီးတခု ခေါ်ယူမှရမယ်”ဟု ဦးစိုင်း လိတ် က ပြောသည်။
ညီလာခံ ကျင်းပကာ တိုင်းရင်းသား၊ တန်းတူရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ၌ ဖြည့် စွက်၊ ပြင်ဆင်ရမည့် အချက်များကို ဆွေးနွေးကြမည် ဖြစ်ပြီး၊ ညီလာခံ၏ ဆုံးဖြတ်ချက် ရလဒ်များကို ပြည်ထောင်စု လွှတ် တော် သို့ တင်သွင်း အတည်ပြုရေး ကိစ္စရပ်များကို ဆောင်ရွက်ကြရမည် ဖြစ်သည်။
ပင်လုံ အခြေခံသော ညီလာခံ သို့မဟုတ် အစိုးရ ပြောသည့် အားလုံး ပါဝင်သည့် အစည်းအဝေးကြီး တရပ်ကို ၂၀၁၅ ခုနှစ်
ရွေးကောက်ပွဲ မတိုင်မီ ပြီးစီးရေး ဆောင်ရွက်ရန် အစိုးရ အဖွဲ့က ပြောဆိုထားကြောင်း သိရသည်။
ဒုတိယ ပင်လုံပေါ်ပေါက်လာရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ နှင့် ပြည်သူ့လွှတ်တော် ကိုယ် စား လှယ် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံ တိုက်တွန်းသွားမည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အကြောင်းကြား ထားကြောင်း၊ ၎င်းနှင့် တိုက်ရိုက်တွေ့ဆုံ၍ ဆွေးနွေးရန် ရှိကြောင်း ဦးစိုင်းလိတ် က ဆက်ပြောသည်။
“ဒုတိယ ပင်လုံ ကိစ္စကို တိုင်းရင်းသား အားလုံးက ဒေါ်အောင်ဆန်းစုကြည် က ဦးဆောင်ပေးဖို့ လွှဲအပ်ထားပါတယ်၊ သူကိုယ် တိုင် ကလည်းပဲ ကတိကဝတ် ပြုထားတာတွေ ရှိတယ်၊ အစိုးရကိုလည်းပဲ ကျနော်တို့က တိုက်တွန်း သွားမှာပါ”ဟု ၎င်းက ဆို သည်။
၂၁ ရာစု နှင့် ကိုက်ညီမည့် ဒုတိယ ပင်လုံညီလာခံ တခု ပေါ်ပေါက်ရေးသည် မရှိမဖြစ် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုဖူးကြောင်းလည်း ဦးစိုင်းလိတ် က ပြောသည်။
တိုင်းရင်းသား အရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်၌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်၍ လုပ်ဆောင်သွားမည်ဟု မျှော်လင့်ထားကြောင်း ခေါင်းဆောင်များကလည်း ပြောဆိုသည်။
“တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ တရပ် ပြဌာန်ရေး” အဆိုတခုကို ပြည် ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် က တင်သွင်းထားပြီးဖြစ်၍ ထို အဆိုအား ပါဝင်ဆွေးနွေး ပေးရန် ဒေါ်အောင်ဆန်းစုကြည် ကို တိုင်းရင်းသားများ၊ အတိုက်အခံ အင်အားစုများက တိုက်တွန်း ထားသည်။
ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး အတွက် စစ်ကိုင်းတိုင်း ကလေးမြို့၌ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက် နေ့တွင်ပြုလုပ်သော ဇိုမီးအမျိုးသား ကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားတွင် သဘောတူ လက်မှတ်ရေးထိုး ထားသည်။
လက်မှတ်ရေးထိုးခဲ့ကြသူများမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဝါရင့်နိုင်ငံရေး သမားကြီ သခင် သိန်းမောင်၊ မွန် ဒီမိုကရေစီ အဖွဲ့ချုပ်(MNLD)မှ နိုင်ငွေသိန်း၊ နိုင်ထွန်းသန်း၊ ကရင်အမျိုးသား ကွန်ဂရက်မှ စော ဟာရီ၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထောင်ခိုထန်း နှင့် တခြား တိုင်းရင်းသား ခေါင်းဆောင် များ ဖြစ်ကြောင်း သိရသည်။
ပထမ ပင်လုံညီလာခံကို အင်္ဂလိပ် နယ်ချဲ့ထံမှ လွတ်လပ်ရေး တောင်းဆိုရာတွင် တောင်တန်း၊ ပြည်ပ မခွဲခြားဘဲ တပေါင်း တစည်းတည်း ရယူရန် အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပ၍ ပင်လုံစာချုပ် ချုပ်ဆိုပြီး သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။