သတင်းတို

နိုင်ငံခြားဘဏ် ရုံးခွဲ ၂၀ ဖွင့်ခွင့်ပြုထား

This article has been converted from Zawgyi One to Unicode

မြန်မာပြည်တွင်း၌ ယနေ့အထိ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးခွဲ ၂၀ ဖွင့်ခွင့် ပြုထားကြောင်း သိရသည်။ ထို့အပြင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် စိတ်ဝင်စားနေသော နိုင်ငံခြားဘဏ်များနှင့် အဖွဲ့အစည်းများလည်း ရှိနေသေးကြောင်း၊ ပုဂ္ဂလိက ဘဏ် သစ် ၄ ဘဏ်ကိုလည်း ထပ်မံတိုးချဲ့ လုပ်ကိုင်ခွင့်ပေးခဲ့ပြီးဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဘဏ်များအသင်း ၌ ကျင်းပသော ပြည်တွင်း ဘဏ်များနှင့် နိုင်ငံခြား ဘဏ်များအကြား ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရေး အကြံပြု ဆွေးနွေးပွဲတွင် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဦးလှထွန်းက ထိုသို့ ပြောကြားခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာက ဖော်ပြသည်။

Loading