အမေရိကန် သမ္မတ အိုဘားမား နှင့် လွှတ်တော်အမတ်များက မြန်မာပြည်ရှိ ရိုဟင်ဂျာ လူနည်းစုများနှင့် ပတ်သက်ပြီး စိုးရိမ် ပူပန် ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသော ရိုဟင်ဂျာများကို ဒုက္ခသည်များအဖြစ် အသိအမှတ် ပြု လက်ခံရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တိုက်တွန်းကြောင်း၊ ၎င်းတို့ကို အကာအကွယ် ပေးရန် လိုအပ်ကြောင်း၊ ဘဝလုံခြုံရေးကို ခြိမ်း ခြောက်ခံနေရသော ပဋိပက္ခဖြစ်ပွားရာ မြန်မာနိုင်ငံဘက်သို့ ယင်းရိုဟင်ဂျာများကို ပြန်လည်နှင်လွှတ် နေခြင်းသည် စိတ်ပျက်ဖွယ် ရာပင် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ Tom Lantos လူ့အခွင့်အရေး ကော်မရှင် ကြားနာပွဲ၌ အမေရိကန် လွှတ်တော် အမတ် များက¬ ပြောကြားကြကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။