သတင်းတို
နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ ကုန်စည်အရည်အသွေး စစ်တော့မည်
This article has been converted from Zawgyi One to Unicode
တရုတ်နှင့် ထိုင်းနိုင်ငံ နယ်စပ် ကုန်သွယ်ရေး စခန်းပေါင်း ၁၃ ခုတွင် ကုန်စည်အရည်အသွေး စစ်ဆေးသည့် ရုံးများ ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။ အစားအသောက်နှင့် ဆေးဝါးများကို အဓိက စစ်ဆေးမည် ဖြစ်ကြောင်း၊ လတ်တလောတွင် တရုတ် နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းနှင့် ထိုင်းနယ်စပ် မြဝတီ ကုန်သွယ်ရေး စခန်းများ၌ ဖွင့်လှစ်၍ ကြပ်မတ် စစ်ဆေး သွားရန် စီစဉ်နေပြီဖြစ်ကြောင်း၊ ယင်း အစီအစဉ်သည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန(FDA) က ပြောသည်ဟု မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။ မြန်မာနိုင်ငံဘက်က တင်သွင်းသည့် ဆန် နှင့် အသားများကို မကြာသေးမီက တရုတ်နိုင်ငံဘက်က ပိတ်ပင် ထားသည်။