သတင်းတို

ဒုဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး လေဖြတ်ဝေဒနာ သက်သာ

This article has been converted from Zawgyi One to Unicode

ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးသည် ကျန်းမာရေး ချို့ယွင်းနေရာမှ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် လေဖြတ် ဝေဒနာ ရုတ်တရက် ခံစားခဲ့ရာမှ ယခုအခါ သက်သာလာပြီး လေ့ကျင့်ခန်းများ ပြုလုပ်နေသည်ဟု အစိုးရနှင့် နီးစပ်သူများကို ကိုးကား၍ The Voice ဂျာနယ် ဖေ့စ်ဘုတ် တွင် ရေးသားထားသည်။ ဦးမောင်အေးသည် ဇူလိုင်လ ၈ ရက် က တပ်မတော် စစ်ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရပြီးနောက် စင်္ကာပူနိုင်ငံသို့ သွားရောက်ကုသမှု ခံယူခဲ့ရကြောင်း လည်း သတင်းများ ဖော်ပြခဲ့ကြသေးသည်။

Loading