မြန်မာ သွင်းကုန်များ ပိတ်ပင်ထားမှု ရုပ်သိမ်းရေးနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရက သက်ညှာစွာ စဉ်းစားနေကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရစ် မစ်ချဲလ် က ပြောကြားလိုက်သည်။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ရေး၊ တိုင်း ရင်းသား အရေး၊ မီဒီယာ လွတ်လပ်ခွင့်၊ မြောက်ကိုရီးယား-မြန်မာ စစ်ရေး ဆက်ဆံရေးများ အပါအဝင် အမေရိကန်က စိုးရိမ်မှုရှိနေ သော နယ်ပယ်များ အပေါ် မူတည်စဉ်းစားနေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်ဟု မြန်မာတိုင်းမ် သတင်းတွင် ရေးထား သည်။ ထိုအရေး ကိစ္စများတိုးတက်မှုရှိပါက သွင်းကုန်ပိတ်ပင်မှု ရုပ်သိမ်းရေးသည် မကြာတော့သည့် ကာလတွင် ဆက်လက် ဆွေးနွေး ဖွယ်ရာဖြစ်လာမည်ဟုလည်း ဆိုသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိ Robert Hormats ကလည်း သွင်းကုန် ပိတ်ပင်မှု မရုပ်သိမ်းမီ အမေရိကန်က အားပေးထောက်ခံနေသော လက်ရှိ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူဖြစ်စေမည့် တိုးတက်မှုများ တွေ့မြင်ရန်လိုအပ်ကြောင်း ပြောဆိုသည်ဟု Reuters သတင်း တပုဒ်တွင်လည်း ဖော်ပြထားသည်။ ယင်း ပိတ်ပင်မှုကို ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန် ဆီးနိတ် ဘဏ္ဍာရေး ကော်မတီက ၃ နှစ် သက်တမ်း ထပ်တိုးရန် မကြာသေးခင်က ဆန္ဒမဲ ပေးထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။