မဲခေါင်မြစ် အတွင်းသွားလာနေသည့် ကုန်တင်သဘောၤပေါ်မှ တရုတ်လူမျိုး သင်္ဘောသား ၁၃ ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး နောက်ကွယ်မှ ၎င်းက ကြိုးကိုင် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု မူးယစ် ရာဇာ နော်ခမ်းက ဝန်ခံလိုက်ကြောင်း တရုတ် အာဏာပိုင်များက ပြော ဆိုလိုက်သည်။ တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗျူရို ဒါရိုက်တာ Liu Yuejin က ထိုင်း နိုင်ငံ ရဲ တပ်ဖွဲ့ အကြီးအကဲ Priewpan Damapong ယမန်နေ့က ထိုသို့ ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။ နော်ခမ်းကို ရွှေတြိဂံ ဒေသတွင် ပြီးခဲ့သည့် ဧပြီလ အတွင်း ဖမ်းမိခဲ့ပြီး တရုတ်အာဏာပိုင်များက ထိန်းသိမ်းထားသည်။ တရုတ်လူမျိုး သင်္ဘောသား ၁၃ ဦး သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက အသတ်ခံရခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။