သတင်းတို

ဆည်ဖျက်သိမ်းရေး မြစ်သားတွင် ဆန္ဒပြ

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့တွင် စမာဆည် ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လူ ၁၀၀ ခန့် ယနေ့ နံနက်ပိုင်းက ဆိုင်းဘုတ်များကိုင်ပြီး စီတန်းလှည့်လည်၍ ဆန္ဒပြကြောင်း သိရသည်။ မြို့လူထု နှစ်စဉ် ရေဘေး ဒုက္ခ ကြုံ ရခြင်း၊ မြေအောက်ရေများ ညစ်ညမ်းလာခြင်း၊ ပတ်ဝန်းကျင်ရှိ လယ်များကို အကျိုးမပြုခြင်း စသည်တို့ကြောင့် ပန်းလောင်မြစ် မှ ရေများ စမာဆည် အတွင်းသို့ သိုလှောင်ခြင်း မပြုဘဲ သဘာဝအတိုင်း စီးဆင်းစေရန် ဆန္ဒပြခြင်း ဖြစ်ကြောင်း ဒေသခံ တဦး က ပြောသည်။ ယင်းဆည်သည် တနိုင်ငံလုံးရှိ အကျိုးမရှိသော ဆည် ၆၇ ခုတွင် ပါဝင်ကြောင်း သိရသည်။

Loading