စင်္ကာပူ နိုင်ငံ၌ အိမ်ဖော်အလုပ် လုပ်ရန်အတွက် မြန်မာနိုင်ငံမှ အသက်မပြည့်သည့် မိန်းကလေးငယ်များကို အေးဂျင့် ကုမ္ပဏီများက စုဆောင်းပို့ဆောင်နေကြောင်း သတင်းရသည်။ မိန်းကလေးငယ် တချို့သည် အသက် ၁၆ နှစ်ခန့်ပင်ရှိသေးပြီး လူဝင်မှုကြီးကြပ် ရေး စစ်ဆေးရေး ဂိတ်များကို အသက်အမှန်မပြောဘဲ ဖြတ်သန်းကြောင်း၊ စင်္ကာပူနိုင်ငံ လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာနက နိုင်ငံ ခြားမှ စင်္ကာပူနိုင်ငံတွင် လာရောက် အိမ်ဖော်လုပ်သူများကို အနည်းဆုံး အသက် ၂၃ နှစ် သတ်မှတ်ထား ကြောင်း The Star online က ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။