သတင်းတို

၂၀၁၂ ဖဲကြိုးနီ ဆု The Help Myanmar အဖွဲ့ ရရှိ

This article has been converted from Zawgyi One to Unicode

အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ မြို့တွင် ကျင်းပနေသော နိုင်ငံတကာ AIDS ညီလာခံက မြန်မာ နိုင်ငံမှ The Help Myanmar အဖွဲ့ ကို ၂၀၁၂ ခုနှစ် အတွက် Red Ribbon Award (ဖဲကြိုးနီဆု) ဆု ပေးလိုက်သည်။ လိင်မှ တဆင့် HIV ကူးစက်မှု ကာကွယ်ရေး လုပ်ငန်း လုပ်ဆောင်သည့် ခေါင်းစဉ်ဖြင့် ဆုပေးခြင်း ဖြစ်ကြောင်း၊ ဇူလိုင် ၂၅ ရက်တွင် လက်ခံယူရမည်ဖြစ်ကြောင်း၊ မန္တလေးမြို့ အခြေစိုက် The Help Myanmar အဖွဲ့သည် ၂၀၀၇ ခုနှစ် အစောပိုင်းက ထူထောင်ခဲ့သည့်အဖွဲ့ဖြစ်ပြီး လိင်တူချင်း ဆက်ဆံသူများကို အဓိကပစ်မှတ်ထား ပညာပေး ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ကြောင်း VOA သတင်းတွင် ပါရှိသည်။ နိုင်ငံတကာ AIDS ညီလာ ခံ ကို ၂ နှစ်တကြိမ် ကျင်းပခြင်းဖြစ်ပြီး ဖဲကြိုးနီ ဆုကိုလည်း အမျိုးအစားအလိုက် ခွဲ၍ ပေးအပ်လေ့ ရှိကြောင်း သိရသည်။

Loading