ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ် စုန်ခလာ ပြည်နယ်ရှိ CPF အအေးခန်းစက်ရုံမှ မြန်မာ အလုပ်သမား ၃ ဦး ယနေ့ နံနက် စော စော ၃း၃၀ နာရီခန့်က အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုခံရကြောင်း သိရသည်။ ပစ်ခတ်မှုကြောင့် အသက် ၂၀ ဝန်းကျင် အမျိုးသမီး တဦး သေဆုံးသွားပြီး ၂ ဦး ဒဏ်ရာရရှိသွား၍ ဆေးရုံသို့ ပိုထားကြောင်း အလုပ်သမားအရေး ကူညီနေသူများက ပြော သည်။ သေနတ်သမားများက မျက်နှာဖုံးများ စွပ်ထားသည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။