သတင်းတို
တိုင်းရင်းသား အခွင့်အရေး ဥပဒေ ပြဌာန်းရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
This article has been converted from Zawgyi One to Unicode
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများ၏ အခွင့်အရေးကို အကာအကွယ်ပေးသည့် ဥပဒေ ပြဌာန်း ဆောင်ရွက် ရန် ယနေ့တောင်းဆိုလိုက်ကြောင်း သတင်းရသည်။ မြန်မာနိုင်ငံသည် ဒီမိုကရက်တစ် ပြည်ထောင်စု ဖြစ်လာတော့မည် ဖြစ်၍ ညီမျှသည့် တန်းတူ အခွင့်အရေးကို အလေးထားရမည်ဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ကျင်းပနေဆဲ လွှတ်တော်တွင် ပြောဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်း၌ ရေးထားသည်။ ရှမ်း ပြည်နယ် ကွတ် ခိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းထားသော အဆိုကို ဝင်ရောက်ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် သည် လွှတ်တော်တွင် ပထမဆုံးအကြိမ် ဝင်ရောက် ဆွေးနွေးခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။