သတင်းတို

ကင်တာနား ကချင်နှင့် ရခိုင်သို့ သွားမည်

This article has been converted from Zawgyi One to Unicode

ကုလသမဂ္ဂ့မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်မတ်စ် အိုဟေး ကင်တာနာသည် လာမည့် သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၀ မှ သြဂုတ်လ ၄ ရက်နေ့ ခရီးစဉ်အတွင် မစ္စတာ ကင်တာနာသည် ကချင်နှင့် ရခိုင်ဒေသများသို့လည်း သွားရောက်မည်ဟု သတင်းရရှိသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြံပေး အရာရှိဟောင်း အန်ဆာ ဘာနေကိုမူ လန်ဒန်မြို့ရှိ မြန်မာသံရုံးက ဗီဇာငြင်းလိုက်ကြောင်းလည်း သိရသည်။

Loading