• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

တိုင်းရင်းသားဒေသ ဆင်းရဲနိမ့်ကျမှု ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

by ခင်ဦးသာ
25 July 2012
in Ethnic Issues
A A
တိုင်းရင်းသားဒေသ ဆင်းရဲနိမ့်ကျမှု ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

ပြည်သူ့လွှတ်တော်တွင် တိုင်းရင်းသား အရေး ဝင်ရောက်ဆွေးနွေးနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)

8.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၌ တိုင်းရင်းသားပြည်နယ် ဒေသများ သည် ဆင်းရဲမွဲတေမှု အဆိုးရွားဆုံး ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောသည်။

၁၈၂၃ ခုနှစ်နောက်ပိုင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ တိုင်းရင်းသား လူမျိုးများတွင် ဗမာတိုင်းရင်းသားလည်း ပါဝင်ကြောင်း၊ ထိုတိုင်းရင်းသား အားလုံးအနက် ပြည်နယ်များကို ကိုယ်စားပြုထားသည့် တိုင်းရင်းသား လူမျိုးများသည် အဆိုးဆုံး ဖြစ်ကြောင်း ၎င်းက လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
682
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.5k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
781

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် စတင် တက်ရောက်သည်မှ စ၍ နှစ်ပတ်ခန့် အကြာတွင် ပထမဆုံး အကြိမ် တိုင်းရင်းသားအရေးကို ဝင်ရောက်ပြောဆို ဆွေးနွေးခြင်း ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းသည့် “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ တရပ်ပြဌာန်းရေး” အဆိုကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်များ အနက် ချင်းပြည်နယ်သည် ဆင်းရဲမှု အနိမ့်ဆုံး ဖြစ်ပြီး ဖွံ့ဖြိုးမှု အဆင့်မှာ အာရှ ဖွံ့ဖြိုးရေး ဘဏ်၏ ကိန်းဂဏန်း အရ ၇၃ ဒဿမ ၃ ရာခိုင်နှှုန်းသာ ရှိကြောင်း၊ ရှမ်းပြည် အရှေ့ပိုင်းတွင် ၄၆ ဒဿမ ၄ ရာခိုင်နှုန်း၊ ရှမ်းပြည် မြောက်ပိုင်းတွင် ၃၇ ဒဿမ ၄ ရာခိုင်နှှုန်း၊ ရှမ်းပြည် တောင်ပိုင်းတွင် ၂၅ ဒဿမ ၂ ရာခိုင်နှှုန်း အသီးသီး ရှိ၍ ရှမ်းပြည် တခုလုံး၏ ဆင်းရဲမွဲတေမှု သည် ၃၃ ဒဿမ ၁ ရာခိုင်နှှုန်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်သည် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်ဖြစ်ပြီး ၄၃ ဒဿမ ၅ ရာခိုင်နှုန်း ရှိကြောင်း၊ တနိုင်ငံလုံး၏ ဆင်းရဲ မွဲတေမှုသည် ပျမ်းမျှအားဖြင့် ၂၅ ဒဿမ ၆ ရာခိုင်နှှုန်း ရှိသည့်အတွက် ပြည်နယ်များ၏ ဆင်းရဲမွဲမှုသည် တနိုင်ငံလုံးနှင့် ယှဉ်ပါက ဆင်းရဲမှု မြင့်မားနေသည် ကို တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့သည်။

ကချင်ပြည်နယ်၏ ဖွံ့ဖြိုးမှုသည် ၂၈ ဒဿမ ၆ ရာခိုင်နှှုန်းရှိ၍ တနိုင်ငံလုံး၏ ပျမ်းမျှ နှှုန်းထက် မြင့်နေသည်ကို တွေ့ရပြီး မွန်၊ ကရင်၊ ကယား စသည့် တိုင်းရင်းသား ဒေသများသည်လည်း နိမ့်ကျကြောင်း၊ ထို့ကြောင့် ပြည်နယ်များ၏ ဖွံ့ဖြိုးမှု အနေအထား သည် အားရကျေနပ်စရာ မရှိကြောင်း ၎င်းက ထည့်သွင်း ဆွေးနွေးခဲ့သည်။

ဦးတီခွန်မြတ်၏ အဆို၌ တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတို့ကို အဓိက အခြေခံ တင်သွင်း ထားခြင်း ဖြစ်သောကြောင့် တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားတို့၏ ရပိုင်ခွင့် စသည်တို့နှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်ခြင်း မရှိဟု တိုင်းရင်းသား ကိုယ်စားလှယ် များက ပြောသည်။

ဦးတီခွန်မြတ်၏ အဆိုသည် တိုင်းရင်းသားများ အတွက် တင်သွင်းခြင်း ဖြစ်၍ ကန့်ကွက်စရာ မရှိကြောင်း၊ သို့သော် ထိုထက်
အရေးပါသည့် တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် တို့အတွက် ပြင်ဆင် ဖြည့်စွက်ရမည့် ဥပဒေ အကြောင်းအရာ များလည်း ပါဝင်သင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဥပဒေကြမ်း ကော်မတီဝင် ဦးဘရှိန်က ရှင်းပြသည်။

၎င်းက “တိုင်းရင်းသားတွေ လိုချင်တာက စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စ၊ ဒီလို ဖြစ်ဖို့ အတွက် တိုင်းရင်းသား တန်းတူရေး အတွက် ဥပဒေမှာ ပြင်ဆင် ဖြည့်စွက် စရာတွေ အများကြီး ရှိနေတယ်” ဟု ဆိုသည်။

တိုင်းရင်းသား လူမျိုးများအတွက် ကာကွယ် စောင့်ရှောက်ခြင်းဆိုသည့် စကားသည် ဘာသာစကား၊ ယဉ်ကျေးမှု ထိန်းခြင်းထက် များစွာကျယ်ပြန့် လေးနက်ကြောင်း၊ ပင်လုံ စိတ်ဓာတ်နှင့်လည်း ခွဲခြားမရကြောင်း၊ ထို့ကြောင့် တန်းတူ ညီမျှရေးနှင့် အပြန်အလှန် လေးစားယုံကြည်မှု တို့ကို အခြေခံပြီး စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွက်ရေး အတွက် ကိုယ်စားလှယ် အားလုံးတွင် တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“တိုင်းရင်းသား လူမျိုးများရဲ့ အခွင့် အရေးများကို ကာကွယ်နိုင်ဖို့ အတွက်ဆိုရင် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ ပြဌာန်းခြင်းတို့ ဆောင်ရွက်ဖို့ အားလုံးကို တိုက်တွန်းရင်း ဦးတီခွန်မြတ်အဆိုကို ထောက်ခံပါတယ်” ဟု သူက ဆိုသည်။

ရှမ်းပြည်နယ်၊ လဲရှား မဲဆန္ဒနယ်မှ ဦးစိုင်းမောင်တင် ဆွေးနွေးရာ၌ ၂၀၀၈ ဖွဲ့စည်းပုံတွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့် တန်းတူရေးတို့အတွက် ပြဌာန်းထားကြောင်း၊ သို့သော် ၁၉၄၇၊ ၁၉၇၄  ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့တွင် နိုင်ငံသားများ၏ အခွင့်အရေး တန်းတူရေးတို့ကို ရေးဆွဲ ပြဌာန်းထားကြောင်းလည်း လွှတ်တော်တွင် ဆွေးနွေးသည်။

ထိုဥပဒေများ ပြဌာန်းထားသည့်တိုင် အကြောင်း အမျိုးမျိုးကြောင့် ဗမာ တိုင်းရင်းသား အပါအဝင် တိုင်းရင်းသား တို့၏ အခွင့် အရေး ဆုံးရှှုံးခဲ့ရကြောင်း၊ တိုင်းရင်းသားတို့၏ အခွင့်အရေး အတွက် လိုအပ်သည့် ဥပဒေများ ပြဌာန်းပေးရန် လိုကြောင်း၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတို့သည်လည်း အရေးပါသည့်အတွက် ဦးတီခွန်မြတ်၏ အဆိုကို ထောက်ခံကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က ပါဝင်ပြောဆိုသည်။

ဦးတီခွန်မြတ်၏ အဆိုနှင့် ပတ်သက်၍ ရှမ်း၊ ရခိုင်၊ ချင်း၊ မွန် စသည့် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် NLD ပါတီ၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးအုန်းကြိုင်၊ ဦးမင်းသူ တို့လည်း ပါဝင် ဆွေးနွေးခဲ့သည်။

တိုင်းရင်းသားများသည် ၎င်းတို့ ပြောဆိုဆွေးနွေးလိုသည့် ကိစ္စများအား တင်ပြရန် မဝံ့မရဲ ဖြစ်နေသည်ကို တွေ့ ရကြောင်း NLD ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားခဲ့သည်။

ဦးမင်းသူ၏ အဆိုသည် တိုင်းရင်းသား ကိုယ်စားလှယ်တို့အား ခွဲခြားသည့် သဘော သက်ရောက်သည့် အတွက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကန့်ကွက်ကြောင်း သိရသည်။

အလားတူ ဦးအုန်းကြိုင်ကလည်း သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး နောက်ပိုင်းတွင် နိုင်ငံရေး အခြေအနေ ပိုမိုကောင်းမွန် လာကြောင်း ဆွေးနွေးရာ လွှတ်တော် ဆိုင်ရာ နည်း ဥပဒေ ပုဒ်မ ၁၃၀ (င) နှင့် (စ) အရ ပုဂ္ဂိုလ်ရေး ကိစ္စ ငြိစွန်းနေကြောင်း ဦးရွှေမန်းက အသိပေး ပြောဆိုသည်။

ဆက်လက်၍ ဥက္ကဋ္ဌ ဦးရွှေမန်းက အသစ်ရောက်လာသည့် ကိုယ်စားလှယ်များသည် ယခင်က ရောက်ရှိပြီး ဖြစ်သည့် ကိုယ်စားလှယ်များနှင့် ပါဝင် ပူးပေါင်း ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းခဲ့သည်။

Your Thoughts …
Tags: Aung San Suu KyiParliament
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by သာလွန်ဇောင်းထက်
10 January 2013
10.2k

ခရိုနီဆိုတာက ဘာဖြစ်လို့ ခရိုနီလို့ခေါ်လဲဆိုတော့ န၀တ၊ နအဖခေတ်မှာ ချမ်းသာလာလို့၊သူတို့ချမ်းသာပုံချမ်းသာနည်းက တယောက်နဲ့ တယောက်မှ မတူကြတာ။ ချမ်းသာပုံ ချမ်းသာနည်းက မတရားမှုတွေပါလား မပါလား အဲဒါတွေ စိစစ်ရမယ်

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

by လင်းသန့်
30 January 2013
23.2k

“နတ်သမီးနဲ့ လူလိမ်” လို့ မြန်မာတွေ လူသိများတဲ့ ဇာတ်လမ်းတွဲထဲက ကိုရီယားမင်းသား Ahn Jae-wook နဲ့အတူ တခြား မြန်မာပရိသတ်တွေ နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား အနုပညာရှင်တွေလည်း ပါဝင်တယ်

မြန်မာ ခေတ်သစ် မေရီ အင်တွိုင်းနက်များ

မြန်မာ ခေတ်သစ် မေရီ အင်တွိုင်းနက်များ

by သစ္စာနီ
4 February 2013
16.9k

အဲဒါနဲ့ သူလည်း လူထု ကြားထဲမျာ “တနပ်စား မြင့်လှိုင်” ဆိုတဲ့ နာမည် ရသွားပါတယ်။ “ဖယောင်းတိုင် ကိုကိုလှိုင်” ဆိုတာ ရှိသေးတယ်။ သမ္မတရဲ့ အကြံပေးက သမ္မတကို အကြံမပေးဘဲ လူတွေကို အကြံပေးတယ်။

နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဟု ဒုရှေ့နေချုပ်ပြော

နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဟု ဒုရှေ့နေချုပ်ပြော

by သာလွန်ဇောင်းထက်
6 February 2013
4.8k

လွှတ်တော်ကို ၀င်ကတည်းက အရင် စစ်အစိုးရ စစ်ခေါင်းဆောင်တွေကို ဘယ်လိုမှ အရေးယူလို့မရဘူး ဆိုတာ အားလုံး နားလည်ထားတာပဲ

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စ ယင်းလတ်တို့ ပြောတဲ့ ဒီမိုကရေစီ

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စ ယင်းလတ်တို့ ပြောတဲ့ ဒီမိုကရေစီ

by လင်းသန့်
4 May 2013
13k

ဒါကြောင့်ပဲ စစ်တပ် ကျောထောက်နောက်ခံနဲ့ ရေးဆွဲထားတဲ့ ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံဟာ ဒီမိုကရေစီစံနှုန်းတွေ ပိုမို ကောင်းမွန်ဖို့ ပြင်ဆင်မှုတွေ လုပ်သင့်တယ်လို့လည်း မစ္စယင်လတ်က ဆိုပါတယ်။

၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ရန် အဘက်ဘက်မှ ကြိုးပမ်းသွားမည်ဟုဆို

၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ရန် အဘက်ဘက်မှ ကြိုးပမ်းသွားမည်ဟုဆို

by ညိမ်းပြည့်စုံ
9 July 2013
5.7k

အုပ်ချုပ်နေတဲ့သူတွေ၊ ပြည့်တန်ဆာတွေနဲ့ ထိတွေ့နေရတဲ့ အာဏာပိုင်တွေဟာ ဒီဥပဒေ ခေတ်မမီတော့တာ၊ တခြားတိုင်းပြည်မှာ ဒီကိစ္စကို ဥပဒေနဲ့ ဘယ်လို ထိန်းချုပ် ကိုင်တွယ်နေတယ်၊ ကျန်းမာရေး ရှုထောင့် အနေနဲ့ ဘယ်လို ဖြေရှင်းနေတယ် ဆိုတာကို သိကြတယ်

Next Post

ကျပ် သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

အစိုးရအဖွဲ့တွင်း အပြောင်းအလဲ စတင်

အစိုးရအဖွဲ့တွင်း အပြောင်းအလဲ စတင်

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate