ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ကျပ် သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။ ဇူလိုင် ၂၁ ရက် ည ၇ နာရီ ခွဲ ခန့်က မန္တလေး-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သောင်းမြင့် ခေါ် မေလီဟို မောင်းနှင်လာ သော ကားပေါ်မှ အလေးချိန် ၃၀ ကီလို ဂရမ်ခန့်ရှိ စိတ်ကြွဆေးပြား ၃ သိန်းကို မြစ်ကြီးနား မူးယစ် အထူးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက ကြိုတင်သတင်းအရ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။