တရုတ်နိုင်ငံက တင်ပို့ခွင့် ရပ်ဆိုင်းထားသော အေးခဲအသားများနှင့် တိရိစ္ဆာန် သားရေများကို စိစစ်ပြီး ပြန်လည်တင်ပို့နိုင်ရေး အတွက် မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ကို ညှိနှိုင်းဆောင်ရွက်ပေးရန် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်အဖွဲ့ချုပ်က စာပို့တောင်းဆို ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် မိုးဥတုကာလတွင် ကြက်ငှက်တုပ်ကွေးနှင့် ခွာနာလျှာနာ စသည့် တိရိစ္ဆာန် ရောဂါများဖြစ်ပွားလေ့ ရှိသောကြောင့် တရုတ်နိုင်ငံက တိရိစ္ဆာန်များနှင့် သစ်ပင် ပန်းမန်များ အဝင်အထွက်နှင့် ပိုးမွှားကင်းစင်ရေး ဥပဒေဖြင့် ငြိစွန်းနေခြင်းကြောင့် မြန်မာနိုင်ငံမှ အသားတင်ပို့မှုကို ယခုလပိုင်းအတွင်းကစ၍ အကန့်သတ်မရှိပိတ်ပင်ခဲ့သည်။ ထိုပိတ်ပင်မှုကြောင့် အေးခဲအသားတင်ပို့မှုပြုလုပ်နေသော စက်ရုံများ ရပ်ဆိုင်းခဲ့ကြရပြီးနောက် ပြန်လည်တင်ပို့နိုင်ရေးအတွက် ကူးစက်ရောဂါကင်းရှင်းကြောင်း စိစစ်၍ တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းရှင်အဖွဲ့ချုပ်က ကြိုးပမ်းနေခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။