သတင်းတို
ရခိုင်အရေး ရှင်းပြရန် အာဆီယံ လိုလား
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မူစလင်ဘာသာဝင်များကို ပစ်မှတ်ထား ထိန်းချုပ်နေခြင်းနှင့် ပတ်သက်ပြီး ပြည့်စုံတိကျသည့် ဖြေရှင်းချက်ကို မြန်မာအစိုးရက လာမည့် စက်တင်ဘာတွင် နယူးယောက်၌ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ လာရောက်တက်သည့်အခါ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှတဆင့် ထုတ်ပြန်ရန် မျှော်လင့်ကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်စူဝမ်က ပြောဆိုလိုက်သည်။ ယင်းသည် အာဆီယံလူ့အဖွဲ့အစည်းအတွက်အရေးကြီးသည်ဟု ဆူရင်ပစ်စူဝမ်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောဆိုသည်။ မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုများက အိမ်နီးချင်း အာဆီယံနိုင်ငံများသို့ လှေစီးဒုက္ခသည်များ ပိုထွက်လာစေမည်ဟု ဒေသတွင်း စိုးရိမ်မှုများ ကြီးထွားလာနေသည်။