ကောင်းမွန်သော အုပ်ချုပ်ရေး (Good Governance)နှင့်သန့်ရှင်းသော အစိုးရ ( Clean Government ) ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာ ဝန်ပေးအပ်ခြင်း ခံရသူများ သည် ၎င်းတို့၏ ပြောင်းရွှေ့နိုင်သော ပစ္စည်းများ၊ မပြောင်းရွှေ့နိုင်သော ပစ္စည်များနှင့် အကျိုးစီးပွား များကို ဖော်ထုတ်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဧရာဝတီတိုင်း၊ ပုသိမ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က ယမန်နေ့ က တင်သွင်းခဲ့သည်။ ထို အဆိုအား ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၏ ရခိုင်ပြည်နယ်၊ မြေပုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း မှထောက်ခံဆွေးနွေးပြီး ဆက်လက် ဆွေးနွေးရန် လွှတ်တော် က အတည်ပြူပေးခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။