ထိုင်းနှင့် တရုတ်နိုင်ငံများမှ တင်ပို့လာသော စားသောက်ကုန်နှင့် ဆေးဝါးများကို ကျန်းမာရေးနှင့် ညီညွှတ်မှု ရှိမရှိကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန FDA က ရုံးများဖွင့်လှစ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ FDA ၏ ပြောဆိုချက်အရ အရည်အသွေးပြည့်မီမှုမရှိသည့် အစားအသောက်နှင့် ဆေးဝါးများကို ပြည်ပနိုင်ငံများက တင်သွင်းလာမှုကို စစ်ဆေးတွေ့ရှိရကြောင်း ထို့ကြောင့် စိစစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ FDA ရုံးများကို တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဌာနနှင့် ထိုင်းမြန်မာနယ်စပ် မြဝတီမြို့များတွင်ပထမဆုံးဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ကျန်နယ်စပ်ဒေသများတွင်ပါ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ဆောင်ရွက်နိုင်ရေးအတွက် FDA ရုံးများဖွင့်လှစ်နိုင်ရန်နှင့် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် FDA ဝန်ထမ်းများကို သင်တန်းပို့ချနေလျက်ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။