သတင်းတို

ပါကစ္စတန် တာလီဘန်အဖွဲ့ မြန်မာကို ခြိမ်းခြောက်

This article has been converted from Zawgyi One to Unicode

ပါကစ္စတန် နိုင်ငံရှိ တာလီဘန် အဖွဲ့တဖွဲ့က မြန်မာကို ရိုဟင်ဂျာများအား ရာဇဝတ်မှုမြောက် ကျူးလွန်သည့်အတွက် တိုက်ခိုက် မည်ဟု ခြိမ်းခြောက်လိုက်သည်။ ပါကစ္စတန် အနေနှင့် အစ္စလမ်မာဘတ် မြို့ရှိ မြန်မာသံရုံးကို ပိတ်ပစ်၍ မြန်မာနိုင်ငံနှင့် ဆက်ဆံ ရေး ဖြတ်ရမည်ဖြစ်ကြောင်း၊“ခင်ဗျားတို့ သွေးတွေနဲ့ လက်စားချေမယ်”ဟု Tehreek-e-Taliban (TTP) တာလီဘန် အဖွဲ့က ပြော ဆိုကြောင်း AFP သတင်းက ယနေ့ ဖော်ပြထားသည်။ သို့သော် အစ္စလမ်မာဘတ်ရှိ မြန်မာသံရုံးက မည်သို့မျှတုံ့ပြန်မှု မရှိသေးကြောင်း သိရသည်။

Loading