လွတ်မြောက်မှုနှင့် ဒီမိုကရေစီ ဥပဒေ သက်တမ်းတိုးရေး ကွန်ဂရက် ပျက်ကွက်
This article has been converted from Zawgyi One to Unicode
မြန်မာပြည် လွတ်မြောက်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ နှစ်လည် သက်တမ်းတိုးရေး အတွက် အမေရိကန် ကွန်ဂရက် ၏ ပျက်ကွက် မှု အပေါ် စိတ်ပျက်မိကြောင်း ဆီးနိတ်အမတ် မစ်ချ် မက်ကော်နယ်လ်က ပြောသည်။ ကွန်ဂရက်၏ ယမန်နေ့က အစည်းအဝေးတွင် ယင်းသို့ ပျက်ကွက်ခြင်းအပေါ် ဆီးနိတ်က စွမ်းဆောင်နိုင်ခြင်း မရှိဟုလည်း ဆိုသည်။ ထို ဥပဒေ သက်တမ်းတိုးရေး အတွက် မက်ကော်နယ်လ် က ကမကထ ပြု ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာပြည် လွတ်မြောက်မှုနှင့် ဒီမိုကရေစီ အက် ဥပဒေကို သမ္မတ ဂျော့ ဘုရှ် လက်ထက် ၂၀၀၃ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် စတင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ မြန်မာထွက် ကုန်များ အမေရိကန် တင်ပို့မှု ပိတ်ပင်ခြင်း၊ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ ၏ ငွေကြေး လွှဲပြောင်းမှုဆိုင်ရာ ပိတ်ပင်ခြင်း စသည့် အရေးယူမှုများ ပါဝင်သည်။ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရစ် မစ်ချဲလ် က မြန်မာပို့ကုန် ပိတ်ပင်မှု ရုပ်သိမ်း ရေး အမေရိကန် အစိုးရက စဉ်းစားနေကြောင်း မကြာသေးခင်က ပြောဆို ထားသည်။