ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး မြန်မာ အစိုးရအနေနှင့် လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂ က တောင်းဆိုလိုက်သည်။ အခင်းဖြစ်ပွားခဲ့သည့် အခြေခံ အကြောင်းတရားများကို စုံစမ်းဖော်ထုတ်ရန်လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ က ယမန်နေ့တွင် ပြောဆိုကြောင်း သိရသည်။ မစ္စတာ နမ်ဘီယာသည် ရခိုင် ဒေသသို့ ပြီးခဲ့သည့် ဇွန်လ လယ်ပိုင်းက သွားရောက် ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။