သတင်းတို
၂၀၁၄ ၌ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်မည်
This article has been converted from Zawgyi One to Unicode
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးကို ၂၀၁၄ ခုနှစ်တွင် စတင်မည် ဖြစ်ကြောင်း သိရသည်။ တနိုင်ငံလုံး၌ သန်းခေါင် စာရင်း ကောက်ယူရမည့် မြို့နယ်ပေါင်း ၃၀၀ ကျော် နှင့် အိမ်ထောင်စုပေါင်း ၁၁ သန်းခန့်ရှိကြောင်း၊ ထို့အတွက် အခြေခံပညာ ဆရာ၊ ဆရာမ ပေါင်း တသိန်း နှစ်ထောင် ခန့် နှင့် စာရင်းစစ် လုပ်ငန်း လုပ်ကိုင်သွားရန် စီစဉ်ထားကြောင်း လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက ပြောဆိုသည်ဟု AFP သတင်း၌ ဖော်ပြထားသည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော နယ်မြေများရှိ တနိုင်ငံလုံး၏ ၂ ရာခိုင်နှုန်းခန့်ရှိ လူဦးရေမှာ စာရင်းတွင် ကျန်ရှိနေနိုင်ကြောင်း ဦးခင်ရီက ပြောသည်ဟုလည်း ဆိုသည်။ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူြုခင်းကို ၁၉၈၃ ခုနှစ်က နောက်ဆုံး ပြုလုပ်ခဲ့သည်။