သတင်းတို

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ကာတွန်းပြပွဲ ကျင်းပ

This article has been converted from Zawgyi One to Unicode

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ကွယ်လွန်သူ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ဒုတိယ အကြိမ် ရန်ပုံငွေ ကာတွန်း ပြပွဲကို ယမန်နေ့က ရန်ကုန်မြို့ရှိ လောကနတ် ပန်းချီ ပြခန်း၌ ဖွင့်လှစ် ပြသသည်။ ၃ ရက်ကြာ ပြသမည့် ယင်းကာတွန်း ပြတွင် ကာတွန်း ပညာရှင် များစွာ၏ လက်ရာ ၁၀၀ ကျော် ပါဝင် ပြသပြီး ကာတွန်း အာယုနှင့် ကာတွန်း ရွှွေဘိုတို့၏ လက်ရာ ကာတွန်း (၂) ခုကို စာပေစိစစ်ရေး က ခွင့်မပြုကြောင်း သိရသည်။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ပြီးခဲ့သည့် ဧပြီလက ဒေါ်ခင်ကြည် အသက် ၁၀၀ ပြည့် မွေးနေ့ အဖြစ် ထူထောင်ခဲ့ခြင်း ဖြစ်သည်။

Loading