သတင်းတို
လယ်မြေ အသိမ်းခံရမှု စုံစမ်းရေး ကော်မရှင် ဖွဲ့မည်
This article has been converted from Zawgyi One to Unicode
လယ်မြေသိမ်းဆည်း ခံရ၍ နစ်နာမှုများနှင့် ပတ်သက်ပြီး စုံစမ်းရေးကော်မရှင် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။ ယန်နေ့က ကျင်း ပ သော ပြည်ထောင်စု လွှတ်တော်က ယင်းစုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီတိုင်း ဇလွန် မဲဆန္ဒနယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးတင်ထွတ် တင်သွင်းသည့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်း များအား စုံးစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက် ပေး ရန် အဆိုကို မဲခွဲ ဆုံးဖြတ်၍ အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။