သတင်းတို

ရခိုင် ALP ဆက်ဆံရေးရုံး ကျောက်တော်၌ စဖွင့်မည်

This article has been converted from Zawgyi One to Unicode

အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၏ ဆက်ဆံရေးရုံးကို သြဂုတ်လ အတွင်း ရခိုင်ပြည် နယ် ကျောက်တော်မြို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ထိုရုံး၌ ALP ဗဟိုကော်မီတီဝင် ဦးဆောင်သည့် ၃ ဦးပါ အဖွဲ့တဖွဲ့ကိုထားရှိမည် ဖြစ်ပြီး ယခုဆက်ဆံရေးရုံး ဖွင့်လှစ်မှုသည် ၂၀၁၂ ခုနှစ် ဧပြီလအတွင်းက အစိုးရနှင့် သဘောတူညီချက် ၅ ချက် ထဲမှ တချက်ဖြစ်ကြောင်း၊ ALP အနေဖြင့် ဆက်ဆံရေးနှင့်စီးပွားရေးရုံးများကို ကျောက်တော် အပြင် ပလက်ဝ၊ စစ်တွေနှင့် ရခိုင်ပြည် အတွင်းက တခြားမြို့များတွင်လည်း ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ALP စည်းရုံးရေးနှင့် ပြန်ကြားရေး ကော်မတီ အဖွဲ့ဝင် ခိုင်အောင်စိုး က ပြောသည်။

Loading