ကချင်ပြည်နယ် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနယ်မြေတွင် တရုတ်နိုင်ငံမှ CPI ကုမ္ပဏီက စက်ရုံ နှစ်ရုံ ဆောက်လုပ်ရန် စီစဉ်နေ ကြောင်း သတင်း ရသည်။ ဝါး တူ ထုတ်လုပ်ရေး နှင့် ပရိဘောဂပစ္စည်း ထုတ်လုပ်ရေး စက်ရုံများ ဖြစ်ပြီး ယင်းစက်ရုံများ တည်ဆောက်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ်ထံ ခွင့်ပြုချက် တောင်းခံထားပြီး ဖြစ်ကြောင်း တာဝန်ရှိသူ တဦး ပြောသည်။ CPI ကုမ္ပဏီ သည် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို အဓိကတာဝန်ယူ တည်ဆောက်နေသော ကုမ္ပဏီ ဖြစ်ပြီး ယင်းစီမံကိန်းကို ပြီးခဲ့ သည့် နှစ် သြဂုတ်လအတွင်းက သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ရပ်ဆိုင်းထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။