ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ ထောက်ပံ့ရေးအတွက် ရခိုင်ဂီတ ရန်ပုံငွေပွဲကို သြဂုတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ရခိုင်အမျိုးသား နာမည်ကြီးအဆိုတော် ဝင်းကိုခိုင် အပါအဝင် ရုပ်ရှင် အနုပညာရှင်များ၊ အဆိုတော်များ ၂၇ ဦးခန့် က သီဆိုမည် ဖြစ်ပြီး ပွဲလက်မှတ်ကို ကျပ် ၈၀၀၀ မှ ၁၂၀၀၀ အထိဈေးနှုန်း သတ်မှတ် ထားကြောင်း၊ ရခိုင်အမျိုးသား ကွန်ရက်၊ Myanmar Wave နှင့် ဖွံ့ဖြိုးရေး မဏ္ဍိုင် အဖွဲ့တို့ က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။