သတင်းတို

ဦးအောင်သိန်းလင်းကို ဆန္ဒပြခွင့်မရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ) ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကို မကွေးတိုင်း ပခုက္ကူမြို့ ပြည်သူများက ဇူလိုင် ၃၁ ရက်နေ့ ဆန္ဒပြရန်အစီအစဉ် ခွင့်ပြုချက်မရကြောင်း သတင်းရရှိသည်။ သတင်း ဂျာနယ်များတွင်ပါဝင်သော ဦးအောင်သိန်းလင်း၏ သတင်းမှာ အတည်မပြုရသေးသည့် သတင်းဖြစ်သောကြောင့် အဆိုပါအချက်ကို အခြေခံ၍ ဆန္ဒပြမည်ဆိုသည်မှာ ခိုင်လုံသည့် အကြောင်းပြချက်မဟုတ်၍ ပယ်ချကြောင်း၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့် ပြဿနာ တစုံတရာဖြစ်မည် စိုးရိမ်ကြောင်း၊ ဦးအောင်သိန်းလင်းသည် ပခုက္ကူ တပ်မ ၁၀၁ တွင် တာဝန်ထမ်းဆောင်ဖူး၍ အဆိုပါတပ် မှ တာဝန်ရှိသူများနှင့် ထိပ်တိုက်တွေ့မည်ကို စိုးရိမ်ကြောင်း၊ ဆန္ဒပြရန် တင်ပြထားသည့် ရွှေချောင်းတံတား ဝန်းကျင်နေရာသည် ကန့်သတ်နယ်မြေဖြစ်ကြောင်း စသည့်အချက်များဖြင့်ပယ်ချခြင်းကို မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စာပေးပို့ အကြောင်းကြားသည်ဟု ဆန္ဒပြ ပွဲ စီစဉ်သူများက ပြောသည်။ တရုတ်နိုင်ငံ Southern Weekend China သတင်းစာနှင့် မေးမြန်းခန်းတွင် ဦးအောင်သိန်းလင်း၏ “ပြည်သူများသည် ရူးနေသည်၊ ဧရာဝတီ မြစ်ဆုံဆည်ကို ပြန်လည် အကောင်အထည် ဖော်ရမည်” စသည့် ပြောဆိုချက်များကို ပခုက္ကူ ပြည်သူလူထုက ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြရန် တိုင်းအဆင့်အထိ ထပ်မံတင်ပြတောင်းဆိုမည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading