• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ပြည်နယ်အနံှ့ နိုင်ငံတော်အလံ လွှင့်ထူ၍ သမ္မတကို ဂုဏ်ပြု

by ခင်ဦးသာ
30 July 2012
in သတင်း
A A
ရခိုင်ပြည်နယ်အနံှ့ နိုင်ငံတော်အလံ လွှင့်ထူ၍ သမ္မတကို ဂုဏ်ပြု

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်အတွင်း နိုင်ငံတော်အလံများ လွှင့်ထူထားစဉ် (ဓာတ်ပုံ - သွေးသစ္စာ facebook မှ)

6.5k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် တဝန်း၌ သမ္မတ ဦးသိန်းစိန်ကို ထောက်ခံသည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို ဂုဏ်ပြု လွှင့်ထူ ကြိုဆို နေကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်အတွင်း နိုင်ငံတော်အလံများ လွှင့်ထူထားစဉ် (ဓာတ်ပုံ – သွေးသစ္စာ facebook မှ)

မြန်မာနိုင်ငံတော်အလံကို စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင်၊ ပေါက်တော စသည့် မြို့နယ်များတွင် ဇူလိုင် ၂၁ ရက်နေ့မှ စတင် လွှင့်ထူခဲ့ပြီး တောင်ကုတ်မြို့တွင် ပြီးခဲ့သည့် နှစ်ရက် ခန့်က စတင် လွှင့်ထူထားကြောင်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင် စသည့် မြို့နယ်များ တွင်လည်း လွှင့်ထူရန် ပြင်ဆင်နေကြကြောင်း ရခိုင်ဒေသခံများက ပြောသည်။

RelatedPosts

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

13 May 2025
41
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
678
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

13 May 2025
790

သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres  နှင့် ဇူလိုင်လ ၁၁ ရက်နေ့ က တွေ့ဆုံစဉ် ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီလူမျိုးများသည် မြန်မာတိုင်းရင်းသားများ မဟုတ်ဘဲ ခိုးဝင်လာသူများ ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အား လက်ခံရန် မဖြစ်နိုင်ကြောင်း၊ UNHCR သို့ အပ်နှံ၍ ဒုက္ခသည် စခန်းများ ဆောက်ပေးပြီး တတိယ နိုင်ငံ က လက်ခံလျင် ပို့ဆောင်ပေး မည်ဖြစ်ကြောင်း ပြောခဲ့သည်။

မြန်မာအစိုးရ အနေဖြင့် တိုင်းရင်းသား လူမျိုးများကို တာဝန်ယူမည်ဖြစ်ပြီး တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ဘင်္ဂါလီရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း သမ္မတက ပြောခဲ့သော်လည်း UNHCR အကြီး အကဲက ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် သမ္မတ၏ ပြောဆိုချက်ကို ပယ်ချခဲ့သည်။

နိုင်ငံတော်အလံကို မော်တော်ကား၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး စသည့် ယာဉ်များနှင့် နေအိမ်များ၌ ဇူလိုင် ၂၂ ရက်နေ့က စတင် လွှင့်ထူ ထားကြကြောင်း၊ အလံလွှင့်ထူခြင်း ကိစ္စကို မည်သည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း များကမှ စည်းရုံးခြင်း မဟုတ်ဘဲ ရပ်မိ၊ ရပ်ဘ များ၏ တိုက်တွန်းမှုနှင့် ပြည်သူတို့က မိမိတို့ အသိစိတ်ဓာတ်ဖြင့် လွှင့်ထူခြင်း ဖြစ်ကြောင်း မြောက်ဦး မြို့ခံ ဦးထွန်းလှှိုင်က ပြောသည်။

“သမ္မတကြီးက ကိုယ့်တိုင်းရင်းသားတွေ ဘက်က ရပ်တည်ပေးတဲ့ အတွက် ကျေးဇူးတင် ဂုဏ်ပြုတဲ့ အထိန်း အမှတ်ရယ်၊ ကျနော်တို့ ရခိုင်ပြည်သူတွေ ကလည်းပဲ သမ္မတကြီးနဲ့ တထပ်တည်း ရှိတယ်ဆိုတာရယ် ပြသတဲ့ အနေနဲ့ နိုင်ငံတော် အလံကို ၉ ရက် တိတိ လွှင့်ထူ ကြတာပါ” ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့၌ နိုင်ငံတော်အလံကို ဇူလိုင်လ၂၁ ရက်နေ့တွင် စတင်လွှင့်ထူထားကြောင်း၊ ပြည်သူ တရပ်လုံးက ပူးပေါင်းပါဝင်မှု ရှိသည် ကိုတွေ့ရကြောင်း၊ သမ္မတ၏ ပြောဆိုချက်ကို အစိုးရ အနေဖြင့်လည်း တရားဝင် ကြေညာချက် ထုတ်ပြန်ပေး သင့်သည်ဟု ရခိုင်ပြည်သူများနှင့် နိုင်ငံရေး အသိုင်းအဝန်းက လိုလားနေကြကြောင်း သိရသည်။

“သမ္မတ ပြောသလိုပဲ နိုင်ငံတော်အနေနဲ့လည်း ကြေညာချက် တခု အနေနဲ့ ထုတ်ပြန်ရင် ပိုပြီးတော့ ကောင်းမယ် ဆိုတဲ့ အသံတွေကို နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ ဆီက ကြားနေရပါတယ်” ဟု ဝံလက် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အဖွဲ့ တာဝန်ခံ ဦးခိုင်ကောင်းစံက ပြောသည်။

ရသေ့တောင် မြို့နယ်တွင် အလံလွှင့်ထူမှု မရှိသေးကြောင်း၊ သို့သော် သမ္မတ၏ ပြောဆိုချက်ကို ထောက်ခံသည့် စာများ ရေးသားထားသည့် စာရွက်၊ စာတမ်းများကို ရပ်မိ၊ ရပ်ဘများ၊ လူငယ်များက ပြည်သူများထံ  ဖြန့်ဝေ နေသည်ကို တွေ့ရကြောင်း ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ရသေ့တောင်မြို့နယ် ဥက္ကဋ္ဌ ဦးလှမြင့်က ရှင်းပြသည်။

ရခိုင်ဒေသ အကြမ်းဖက်မှု စတင်ခဲ့သည့် မောင်တောမြို့နှင့် ဘူးသီးတောင် မြို့တို့တွင်လည်း နိုင်ငံတော် အလံလွှင့်ထူခြင်းကို ဇူလိုင် ၂၁ ရက်နေ့က စတင်ခဲ့ကြောင်း၊ ထိုဒေသများ၌ ယခုအခါ တည်ငြိမ်စ ပြုနေပြီ ဖြစ်သည့်တိုင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ဘူးသီတောင် မြို့ခံ ဦးထွန်းအောင်သိန်းက ပြောသည်။

“ကျောင်းတွေ ပိတ်ထားတာ ၂ လ ပြည့်တော့မယ် ဆိုတော့ သြဂုတ်လ ထဲမှာ ပြန်ဖွင့်နိုင်အောင် အာဏာပိုင်တွေနဲ့ ညှိနှှိုင်း နေပါတယ်၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေ လုံခြုံရေး အပြည့်အ၀ ရရှိရေး အတွက်ပါ” ဟု ၎င်းက ဆိုသည်။

မောင်တောနှင့် ဘူးသီးတောင် မြို့တို့ရှိ စာသင်ကျောင်းများ အားလုံးကို ဇွန်လဆန်းမှ စတင်ပိတ်ထားခြင်း ဖြစ်ပြီး ဆရာ၊ ဆရာမ များသည် လုံခြုံရေး စိတ်မချရသည့် အတွက် ထိုဒေသ၌ တာဝန်ထမ်းဆောင်ရန် စိုးရိမ်နေဆဲ ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ရှိ စာသင်ကျောင်း အများစုမှာ ပြန်လည် ဖွင့်လှစ် သင်ကြားနေပြီ ဖြစ်ကြောင်း၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ
တက္ကသိုလ်တို့လည်း ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း၊ ကျောင်းကားများတွင် လုံခြုံရေးများ လိုက်ပါပေးနေကြောင်း၊ စစ်တွေတက္ကသိုလ်ကို သြဂုတ်လ ၃ ရက်နေ့တွင် ဖွင့်လှစ်နိုင် စီစဉ်နေကြောင်း ရခိုင်ဒေသ ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့ စည်း ထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် ဒုက္ခသည် စုစုပေါင်း ၆ သောင်းကျော် ရှိနေရာ အရေးပေါ် အကူအညီနှင့် ပြန်လည် ထူထောင်ရေး အကူအညီများ လိုအပ်လျှက်ရှိကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ယနေ့ နေ့လယ်တွင် ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန် ပြည်လမ်းရှိ နိုင်ငံခြားရေး ဝန်ကြီးရုံအဆောက်အအုံတွင် ကျင်းပပြီး ကုလသမဂ္ဂ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနား၊ ရန်ကုန်အခြေစိုက် နိုင်ငံတကာ သံရုံးများ၊ကုလသမဂ္ဂ အဖွဲ့အစည်း များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပဋိပက္ခများသည် ဘာသာရေး အစွန်းရောက်များ၏ လှုံ့ဆော်မှုများကြောင့် ဖြစ်ပြီး ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုစလုံးသည် ငြိမ်းချမ်းစွာ နေလိုကြကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

မောင်တောဒေသ ပဋိပက္ခများကြောင့် နေအိမ်များ မီးလောင်ကျွမ်းခဲ့ရသည့် ဒေသခံ တိုင်းရင်းသားများသည် မြို့ပေါ်ရှိ ဘုန်း ကြီးကျောင်းများနှင့် အလယ်သံကျော် ဘုန်းကြီးကျောင်း တို့တွင် ကူညီစောင့်ရှောက် ပေးထားကြောင်း၊ ၎င်းတို့အတွက် စားနပ် ရိက္ခာ လိုအပ်နေကြောင်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးသူ ဦးခိုင်ကောင်းစံက ဆိုသည်။

အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆန် စသည့် ပစ္စည်းများ အတိုင်းအတာတခုအထိ လုံလောက်မှု ရှိနေပြီ ဖြစ်ကြောင်း၊ အသီးအရွက်၊ ငါးခြောက် စသည့် စားသောက်ကုန်များနှင့် အိပ်စရာ အခင်းများ လိုအပ်နေသေးကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် လူ ၈၀ ဝန်းကျင် သေဆုံးခဲ့ပြီး ရာဂဏန်း ထိခိုက်ဒဏ်ရာရကာ သောင်းချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သိရသည်။ ထိုပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များတွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို သမ္မတ ဦးသိန်းစိန် က ဇွန်လ ၁၀ ရက်နေ့တွင် ကြေညာ ခဲ့သည်။ ရခိုင်ပြည်နယ်ကို ထိုနေ့မှ စ၍ အရေးပေါ် အခြေအနေလည်း ထပ်ဆင့် ကြေညာခဲ့သည်။

ရခိုင်ဒေသ ပဋိပက္ခ တလ ပြည့်မြောက်သည့် ဇူလိုင် ၈ ရက်နေ့တွင် စစ်တွေမြို့အပါအဝင် ရခိုင်ဒေသ တဝန်းလုံး၌ သေဆုံးခဲ့ ရသူ များအတွက် ဝမ်းနည်းခြင်းနှင့် ငြိမ်းချမ်းရေး အထိမ်းအမှတ် အဖြစ် သာသနာ့ အလံများလွှင့်တင်၍ ဂုဏ်ပြု ခဲ့ကြ သေးသည်။

Your Thoughts …
Tags: Rakhine State
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

by ခင်ဦးသာ
11 July 2012
4.9k

တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ဒေသတွင်း၌ ဇွန် လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များကို တလပြည့်သည့်အချိန်အဖြစ် ရက်စွဲအလိုက် အကျဉ်းချုံးဖော်ပြ အပ်ပါသည်။

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.3k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

by ဧရာဝတီ
16 July 2013
6.3k

မွတ်ဆလင် စစ်သွေးကြွအချို့က အင်ဒိုနီးရှားနိုင်ငံမှ အခြေခံဝါဒီ အုပ်စုများထံမှ အကူအညီ ရရှိနိုင်ရန် ကြိုးစားနေသည် ဆိုခြင်းမှာ ဖြစ်နိုင်သော်လည်း ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ရိုဟင်ဂျာများက တိုက်ခိုက်ရန် လုပ်ဆောင်နေ ဆိုသည်မှာ မဖြစ်နိုင်ဟု ဆိုကြသည်။

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

by ခင်ဦးသာ
27 March 2013
5.6k

လက်ပံတောင်းတောင် စီမံကိန်းလို ပဋိပက္ခတွေ ကြီးထွားလာစေနိုင်တယ်။ ရခိုင်ပြည်သူတွေက ဒီတောင်ကို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တောင်လို့ သိထားကြတော့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ပြဿနာတွေ ကြီးထွားလာနိုင်တဲ့ အတွက် ဆိုင်းငံ့ထားဖို့ တင်ပြတာပါ

မသီတာထွေးအမှု ကျူးလွန်သူ တရားခံများအား ရုံးထုတ်စစ်ဆေး

by ခင်ဦးသာ
8 June 2012
20.1k

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေးအား အဓမ္မပြုကျင့်၊ သတ်ဖြတ်၍ ပစ္စည်းလုယူမှု ကျူးလွန်ခဲ့သည့် တရားခံများကို ကျောက်ဖြူ ခရိုင်တရားရုံး၌ ယနေ့ နံနက် ၉ နာရီက ရုံးထုတ် စစ်ဆေး

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

by ငြိမ်းချမ်း
1 October 2012
6.7k

“တခြားဒေသက မွတ်စလင်တွေ ထရပ်ကား ၇ စီးလောက်နဲ့ လာကြတယ်။ အင်တာနက်တင်တဲ့ ဦတွန် ဘူဒဝါဆိုတဲ့ လူကိုတော့ ရှာလို့မရဘူး၊ သူ့ အဒေါ်ကိုတော့ ရဲက လုံခြုံရေးတွေနဲ့ ခေါ်သွားတယ်လို့ သိရတယ်။ သူ့အိမ်နဲ့ သူတို့ဆွေမျိုး အိမ်တွေလည်း...

Next Post
ရခိုင်ဒေသ ပဋိပက္ခ သတင်းစာရှင်းလင်းပွဲ ကင်တာနာ တက်ရောက်

ရခိုင်ဒေသ ပဋိပက္ခ သတင်းစာရှင်းလင်းပွဲ ကင်တာနာ တက်ရောက်

မြန်မာပြည် ဒေသတချို့တွင် မိုးများ၍ ရေကြီး

မြန်မာပြည် ဒေသတချို့တွင် မိုးများ၍ ရေကြီး

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate