သတင်းတို

ဆန္ဒပြ လယ်သမားများကို ရဲ က ရိုက်နှက် ဖမ်းဆီး

This article has been converted from Zawgyi One to Unicode

ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့နယ်ရှိ အင်းမ ရေထိန်းဆည် ဖျက်သိမ်းပေးရေးနှင့် အဓမ္မမြေယာသိမ်းမှု နှင့် စိုက်ပျိုးစရိတ်ချေးငွေများ အပြည်အ၀ မရရှိခြင်းတို့အတွက် ယနေ့နံနက်က  ငြိမ်းချမ်းစွာ စုဝေးစီတန်း လှည့်လသည့် လယ်သမား ၁၀၀ ကျော်ကို သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များဖြင့်ရိုက်နှက် လူစုခွဲပြီး ဆန္ဒပြခေါင်းဆောင် ဦးအုန်းဟန်နှင့် လယ်သမား ၃ ဦး ကို ဖမ်းဆီးသွားကြောင်း သတင်းရသည်။ သဲကုန်း ရဲစခန်းကမူ လူစု ခွဲရုံ သက်သက်သာ ဖြစ်သည်ဟု ပြောသည်။

Loading