ရေနံ ၊ သဘာ၀ ဓာတ်ငွေ့နှင့် လျှပ်စစ် စွမ်းအား ဆိုင်ရာ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် စက်တင်ဘာ ၃ ရက်မှ ၆ ရက် အထိ ကျင်းပမည် ဖြစ်ကြောင်း သတင်းရသည်။ ဖက်စပ် လုပ်ငန်းဆိုင်ရာများ၊ စီမံကိန်း ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံ၏ ဟိုက်ဒရိုကာဗွန် ပထဝီ အနေအထား ဆိုင်ရာ အမြင်သဘောထားများ စသည်တို့ကို ဆွေးနွေးကြမည် ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကို ရည်ရွယ်တွန်းအားပေးသည့် အနေဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ စွမ်း အင် ဝန်ကြီးဌာနနှင့် Centre for Management Technologyတို့က ဦးစီး ကျင်းပခြင်းဖြစ်ပြီး လွန်ခဲ့သည့် မတ်လက ကျင်းပ သော ပထမ အကြိမ်ဆွေးနွေးပွဲကို နိုင်ငံပေါင်း ၃၅ နိုင်ငံမှ ကုမ္ပဏီ ၁၅၀ ကျော် တက်ရောက်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။