ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ရခိုင်ပြည်နယ် အရေးသည် ရေရှည်ဆောင်ရွက် သွားရမည့် ကိစ္စ ဖြစ်ကြောင်း ပြောဆို လိုက် သည်။ ပြန်လည်ထူထောင်ရေး အပိုင်းတွင် မည်သူ့ကိုမျှ နာစေ၊ သာစေ မရှိ ဆောင်ရွက်ပေးနေကြောင်း၊ ဒေသခံပြည်သူများ နားလည်မှသာ ဖြစ်ပေါ်နေသောပြဿနာများ ဖြေရှင်းနိုင်မည်ကြောင်းလည်း ပြောသည်။ ယမန်နေ့က နေပြည်တော်၌ ကျင်းပသော ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ ယမန်နေ့ ရက်စွဲနှင့်ပင် ထုတ်ပြန်သော နိုင်ငံခြားရေး ဝန်ကြီးဌာ၏ ထုတ်ပြန်ချက်၌ ရခိုင်ပြည်နယ်ကိစ္စ ဖြေရှင်းနိုင်ရေးအတွက် ဘာ သာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အခြေအနေအရပ်ရပ်သည် ပုံမှန် အနေအထားသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။