သတင်းတို

ရခိုင်ဒေသ ဖြစ်ရပ်မှန် ဖော်ထုတ်ရန် ကင်တာနာကို တောင်းဆို

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ထံသို့ ရခိုင် အမျိုးသမီးများ အစည်းအရုံးက စာတစောင် ပေးပို့ကြောင်း သိရသည်။ စာတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး အကြောင်းရင်းမှန်ကို ဖော် ထုတ်ပေးရန် တောင်းဆိုထားသည်။ ယင်းစာကို ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ရုံးချုပ်သို့ လည်း ပေးပို့ထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ အခြေစိုက် ရခိုင် အမျိုးသမီးများ အစည်းအရုံး တာဝန်ရှိသူ တဦး ကပြောသည်။ ယနေ့တွင် မစ္စတာ ကင်တာနာသည် ရခိုင်ပြည်နယ်သို့ သွားရောက်ကြောင်း သိရသည်။

Loading