• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒု သမ္မတသစ် ခန့်ရေး ကြန့်ကြာမှု ဝေဖန်ပြောဆိုနေ

by ရန်ပိုင်
31 July 2012
in သတင်း
A A
ဦးမြင့်ဆွေကို ဒု သမ္မတခန့်ရေး အတည်မပြုနိုင်သေး

တပ်မတော်သား ကိုယ်စားလှယ်များက ဒု သမ္မတအဖြစ် အမည်စာရင်း တင်သွင်းထားသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဓာတ်ပုံ – ဧရာဝတီ)

8.4k
VIEWS
Share on FacebookShare on Twitter

လစ်လပ်နေသည့် ဒု သမ္မတ ရာထူးအတွက် အတည်ပြုခန့်အပ်ရန် ကြန့်ကြာနေခြင်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ အကြား ဝေဖန်ပြောဆိုမှုများ ဖြစ်ပေါ်နေသည်။

အမျိုးသား ဒီမိုကရေစီသစ် ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“ဒု သမ္မတလောင်း တယောက်တည်း ကို ဒီလောက်ကြာအောင်သုံးသပ် စိစစ်စရာ မလိုဘူးထင်တယ်၊ ပထမအကြိမ်တုန်းက သုံးရက်လောက်ပဲကြာတယ်”ဟု ဆိုသည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
0
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
0
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
450

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း ဒု သမ္မတ ရွေးကောက်တင်မြှောက်မှုမှာ လိုအပ်သည်ထက် ပိုမိုကြာမြင့်နေသည်ဟု ထင်ကြောင်း၊ သို့သော် မည်သို့သောအကြောင်းများကြောင့် ကြာမြှင့်နေသည်ကိုမူ သုံးသပ်ပြောဆိုရန် ငြင်းဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ၏ အကြောင်းကြားစာရသည့်နေ့မှ စတင်ကာ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ခေါ်ယူရမည်၊ ထို့နောက် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့က ဒု သမ္မတ တဦး ရွေး ချယ် တင်မြှောက်ရေးကို ဆက်လက် ဆောင်ရွက်ရမည်ဟု ပါရှိသည်။

သို့သော် မည်သည့်အချိန်ကာလတွင် စိစစ်ပြီး အပြီးသတ်ရွေးချယ်တင်မြှောက်ရမည်ဟု ကာလသတ်မှတ်ချက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် နည်းဥပဒေများတွင် မပါရှိပေ။

ထိုသို့ အချိန်ကာလသတ်မှတ်ချက် မပါရှိခြင်းကြောင် ဒု သမ္မတ ရွေးချယ်တင်မြှောက်ရေး ကြန့်ကြာနေခြင်းဖြစ်ကြောင်း၊ ထိုအချက် သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အားနည်းချက်ဟုလည်း ဆိုနိုင်ကြောင်း RNDP ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် ကလည်း ထောက်ပြသည်။

“အဲဒီလို အချိန်ကာလကန့်သတ်ချက်တွေ မရှိလို့ ကြံ့ခိုင်ရေး ပါတီက သူတို့လုပ်ချင်သလို လုပ်လို့ရတာပေါ့၊ အခုတော့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ဘေးကပဲ ရပ်ကြည့်နေရတယ်”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ)နှင့် စစ်တပ် ၂၅ ရာခိုင်နှုန်းတို့သာ ကြီးစိုးနေသည့် လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အားနည်းချက်များကို ပြင်ဆင်ရန်အတွက် လက်တွေ့အခြေအနေအရ မလွယ်ကူကြောင်း ဦးဘရှိန်က ပြော ဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေအား ဒု သမ္မတလောင်းအဖြစ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များမှ သမ္မတ အရည်အချင်းစစ် ကော်မတီသို့ တင်သွင်းသည်ဟု ပြည်တွင်းပြည်ပ မီဒီယာများတွင် ရေးသားနေသော်လည်း မိမိတို့ လွှတ်တော်ကိုယ်စားများအား တရားဝင် ပြောဆိုခြင်း မရှိကြောင်း ဦးဘရှိန်က ဆက်ပြောသည်။

ယင်းသို့ ဒု သမ္မတ ရွေးချယ်တင်မြှောက်ရေး ကြန့်ကြာနေခြင်းမှာ အစိုးရအဖွဲ့ အတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများနှင့် ပတ်သက်နေကြောင်း နေပြည်တော်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့က ဒု သမ္မတ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ကြောင်း သမ္မတ ဦးသိန်းစိန်က လွှတ်တော်သို့ အကြောင်း ကြားခဲ့ပြီးနောက် ဇူလိုင် ၁၀ ရက်နေ့တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်း တင်သွင်းကြောင်း တပ်မတော်သားကိုယ်စားတချို့ကို ကိုးကားပြီး ပြည်တွင်းပြည်ပ မီဒီယာများ ကရေး သားခဲ့သည်။

အဆိုတင်သွင်းထားသည့် ဒု သမ္မတလောင်း အရည်အချင်းပြည့်မီမှု ရှိမရှိကို စစ်ဆေးရန်အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒု ဥက္ကဋ္ဌ နှစ်ဦး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှင့် ဒု ဥက္ကဋ္ဌ နှစ်ဦး၊ အမျိုးသားလွှတ်တော်မှ ဦးဇော်မြင့်ဖေ၊ ပြည်သူ့လွှတ်တော်မှ ဦးဌေးဦး နှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှ ဗိုလ်မှူးချုပ် ကျော်လွင်ဦးတို့ ပါဝင်သည့် ဒု သမ္မတ လောင်း အရည်အချင်းစစ် ကော်မတီက စစ်ဆေးနေကြောင်း သိရသည်။

Your Thoughts …
Tags: Myanmar Government
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

အမေရိကန်တွေရဲ့ တူညီတဲ့ မြန်မာအပေါ် သဘောထား

အမေရိကန်တွေရဲ့ တူညီတဲ့ မြန်မာအပေါ် သဘောထား

by ဆူစန်ကောလင်းစ်
5 July 2012
9.6k

သမ္မတ ဦးသိန်းစိန်နဲ့ ကျမတွေ့ဆုံ ဆွေးနွေးကြတဲ့ အခါမှာ သူက သူ့နိုင်ငံ ရင်ဆိုင်နေရတဲ့ ဒီကိစ္စတွေကို ထဲထဲဝင်ဝင် ဆွေးနွေးတာမျိုး မလုပ်ဘဲ ရှောင်ပါတယ်။

ပိုင်ဆိုင်မှုကြေညာရေး အဆို ဘာကြောင့်ရှုံး

ပိုင်ဆိုင်မှုကြေညာရေး အဆို ဘာကြောင့်ရှုံး

by ရန်ပိုင်
9 August 2012
11.5k

ယင်းအဆိုကို NLD လွှတ်တော် အမတ်များ အပါအ၀င် ၇ ဦးက ထောက်ခံ ဆွေးနွေး သော်လည်း တပ်မတော်သား ကိုယ်စားလှယ် နှစ်ဦးက အခြေခံဥပဒေ ပုဒ်မ ၆၈ ကို ကျော်လွန်နေကြောင်း ထောက်ပြကာ

ဒု သမ္မတသစ် ရွေးတော့မည်

ဒု သမ္မတသစ် ရွေးတော့မည်

by ရန်ပိုင်
4 July 2012
8.1k

ခေါင်းမာဂိုဏ်းသားဟု လူသိများသည့် ဦးတင်အောင်မြင့်ဦး ပြီးခဲ့သည့် မေလအတွင်းက ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ နုတ်ထွက်သွားကြောင်း

Next Post

ဂျာနယ် ၂ စောင်ကို အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်ဆိုင်း

မောင်တောမှာ ကင်တာနာကို ဆန္ဒပြ

မောင်တောမှာ ကင်တာနာကို ဆန္ဒပြ

Please login to join discussion
No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.5k

Most Read

  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate