• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဂျာနယ် ၂ စောင်ကို အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်ဆိုင်း

by အောင်သက်ဝိုင်း
31 July 2012
in သတင်း
A A
7.7k
VIEWS
Share on FacebookShare on Twitter

ရန်ကုန် အခြေစိုက် The Voice ဂျာနယ်နှင့် Envoy ဂျာနယ် တို့ကို ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးက ယနေ့မှစ၍ ထုတ်ဝေခွင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးတင့်ဆွေ (ဓာတ်ပုံ – ဧရာဝတီ)

စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ၂၀၁၁ ခုနှစ် ညွှန်ကြားချက် ၄၄ ကို ဖောက်ဖျက်မှုနှင့် ယင်း ဂျာနယ်များကို ရက်အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်း ဖြစ်ကြောင်း ယနေ့ ရန်ကုန် စာပေစိစစ်ရေးဌာနတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုလိုက်သည်။

RelatedPosts

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
51
နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

21 May 2025
32
စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

21 May 2025
175

“နောက်ကြောင်း ပြန်လှည့်တယ်လို့ မယူဆ စေချင်ပါဘူး။ The Voice ဂျာနယ်က စာပေစိစစ်ရေးကို မတင်ပြဘဲ သတင်း ၈
ပုဒ် ထည့်သွင်းခဲ့သလို၊ Envoy ဂျာနယ်က သတင်း ၇ ပုဒ်ကို ခွင့်ပြုချက်မရှိဘဲ ဖော်ပြပါတယ်။ ကျန်တဲ့ စည်းကမ်း ချိုးဖောက်မှု တွေ ကလည်း အများကြီးပါ။ ဒါတွေတော့ ကျနော် မပြောတော့ပါဘူး” ဟု ဦးတင့်ဆွေက ပြောသည်။

ဆက်လက်၍ ၎င်းက ယခုကာလသည် စပ်ကူးမတ်ကူးကာလဖြစ်ပြီး သတင်းများ လွတ်လပ်စွာ ရေးသားခွင့်ပြုနိုင်သော ကာလ မဟုတ်သေးကြောင်း၊ လတ်တလော အချိန်အထိ ၁၉၆၂ ခုနှစ် ပုံနှိပ် အက်ဥပဒေသည် အသက်ဝင်နေဆဲ ဖြစ်သောကြောင့် သတင်းဂျာနယ်များ အားလုံးအနေဖြင့် စာပေစိစစ်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရမည် ဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

ပုံနှိပ်မီဒီယာ အက်ဥပဒေကိုလည်း ရေးဆွဲလျှက်ရှိပြီး ယခုအခါ နိုင်ငံတော် သမ္မတရုံးက စိစစ်ပြီး ပြင်ဆင်မှုများ ပြုလုပ်ခိုင်း ထားကြောင်း၊ ပြင်ဆင်မှုများပြုလုပ်ပြီး ရှေ့နေချုပ်ရုံးထံ ပြန်လည်ပေးပို့ကာ မကြာခင် လွှတ်တော်သို့ တင်ပြနိုင်မည်ဟု မျှော်လင့်ကြောင်း သူက ဆက်ပြောသည်။

ပြည်တွင်း သတင်းဂျာနယ်များ အနေဖြင့် အခြေအနေကို နားလည်ကြ စေလိုကြောင်းနှင့် စာပေ စိစစ်ရေးဌာနက
နောက်ကြောင်း ပြန်လှည့်ခြင်း မဟုတ်ပါကြောင်း၊ ခွင့်မပြုနိုင်သော သတင်းများကို ထည့်သွင်းခြင်းကြောင့် ဖြစ်ကြောင်း၊ ဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့် ရပ်ဆိုင်းရာတွင် ဝန်ကြီးဌာနကို အဆင့်ဆင့် တင်ပြခဲ့ရခြင်း ဖြစ်ကြောင်း ဦးတင့်ဆွေက ဆိုသည်။

ဦးတင့်ဆွေက မည်သည့် သတင်းကြောင့် ထုတ်ဝေခွင့် ရပ်ဆိုင်းသည်ကို ရှင်းလင်း ပြောဆိုခြင်း မရှိသော်လည်း စာပေ စိစစ်ရေးမှ စာစစ်မှူးများ၏ ထင်မြင်ချက်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် တရုတ် သတင်းစာတစောင်၏ အင်တာဗျူးကို ခွင့်ပြုချက်မရှိဘဲ ဖော်ပြသောကြောင့် Envoy ဂျာနယ်ကို အရေးယူသည်ဟု သိရသည်။

The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကလည်း ၎င်း၏ facebook စာမျက်နှာတွင် “အဓိက အချက်ကတော့ ကျနော့် အထင် အခုနောက်ဆုံး ထွက်ထားတဲ့ စာစောင် မျက်နှာဖုံးသတင်း ၂ ပုဒ်ကြောင့်လို့ ဖြစ်မယ်။ တပုဒ်က ဝန်ကြီး အပြောင်း အရွှေ့သတင်းနဲ့ ကာတွန်းပြပွဲမှာ အပယ်ခံရတဲ့ပုံကို စာပေစိစစ်ရေးက လာစစ်နေတဲ့ ဓာတ်ပုံနဲ့ ကာတွန်းပြပွဲ သတင်းပါ။ လောလောဆယ်တော့ ဘယ်လောက် အပိတ်ခံရမယ်ဆိုတာ မပြောနိုင်သေးဘူး” ဟု ရေးသားထားသည်။

The Voice ဂျာနယ်နှင့် Envoy ဂျာနယ်ကို ပိတ်ပင်သည့် ကိစ္စနှင့် ပတ်သက်၍ ပြည်တွင်း အခြေစိုက် သတင်း မီဒီယာ အသိုင်းအဝန်းက နောက်ပြန်လှည့်သော လုပ်ရပ်အဖြစ် ဝေဖန်နေကြသည်။

“ရှေ့က ဂျာနယ်တွေပြီးတော့ ကိုယ့်အလှည့် ဘယ်တော့လာမလဲလို့ ခံစားရနေရတယ်” ဟု Venus News Weekly ၏ တာဝန်ခံ အယ်ဒီတာ ကိုလှိုင်းသစ်ဇင်ဝေက ဆိုသည်။

ပြည်တွင်း သတင်းစာဆရာ တဦးကမူ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ အမိန့်ဖြင့် ဂျာနယ်များ ပိတ်ပင်ခြင်းဖြစ်ပြီး
ပြုပြင်ပြောင်းလဲမှု ခရီးမတွင်သည်ကို လက်တွေ့ပြသည်ဟု ထင်မြင်ကြောင်း ပြောသည်။

“အားလုံး ထင်ထားတာက ဦးကျော်ဆန်း ပြုတ်တော့မယ် ဆိုတာပဲ။ ဒါပေမယ့် အခု ဒီဂျာနယ်တွေကို ပိတ်ပင် ပြလိုက်တာက သူ ရှိနေသေးတယ်၊ သူက သြဇာပါဝါ ရှိတယ်ဆိုတာကို ပြလိုက်တာပဲ” ဟု အဆိုပါ သတင်းစာဆရာက သုံးသပ်သည်။

ပြန်ကြားရေး ဝန်ကြီးဌာနက လျှပ်တပြက်ဂျာနယ်ကိုလည်း ထုတ်ဝေခွင့် ပိတ်ပင်ထားရာ ယခုလက်ရှိ အစိုးရလက်ထက်တွင် အပိတ်ပင် ခံထားရသော သတင်းဂျာနယ် ၃ စောင်အထိ ရှိလာပြီဖြစ်သည်။

ပိတ်ပင်ခံထားရသော သတင်းဂျာနယ်များအနက် လျှပ်တပြက်ဂျာနယ်နှင့် The Voice ဂျာနယ်တို့မှာ တရားရုံးတွင် အမှု ရင်ဆိုင်နေရသော ဂျာနယ်များ ဖြစ်ကြသည်။

Your Thoughts …
Tags: CensorLegitimateMedia
အောင်သက်ဝိုင်း

အောင်သက်ဝိုင်း

ဧရာဝတီ

Similar Picks:

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

by နိုင်မောင်
20 January 2015
14.2k

ကိုအောင်ဆန်းသည် ကျောင်းထုတ်ခံ၍ အယ်ဒီတာ တယောက်၊ သတင်းစာ ဆရာ တယောက် လိုက်နာအပ်သော ကျင့်ဝတ် စည်းကမ်း(The Code of Press Ethics)ကို ကျင့်သုံးသွားခြင်းပင် ဖြစ်သည်။

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

by ဧရာဝတီ
31 January 2025
124

အမေရိကန်အစိုးရက နိုင်ငံတကာကို အကူအညီပေးနေတဲ့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်တဲ့အတွက် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ သတင်းမီဒီယာ တချို့ဟာ သတင်းထုတ်လုပ်ရေးနဲ့ သတင်းဌာန ရပ်တည်ရေးတွေအတွက်ပါ စိန်ခေါ်မှုတွေကြုံနေကြရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

by ရန်ပိုင်
15 July 2013
11.2k

ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အသံဖိုင်ဟာ လူမှုကွန်ရက် Facebook ကနေတဆင့် ပျံ့နှံ့ခဲ့တာပါ။

အစိုးရ သတင်းစာ, ကြော်ငြာခ, ပုဂ္ဂလိက စာနယ်ဇင်း

အစိုးရ သတင်းစာများ ကြော်ငြာနှုန်း လျှော့ချမှု ပုဂ္ဂလိကဈေးကွက် ထိခိုက်နိုင်ဟု ဆို

by ဇူးဇူး
23 January 2015
2k

လက်ရှိ ပုဂ္ဂလိက သတင်းစာတွေရဲ့ လည်ပတ်မှုနှုန်းက ဘာကိုမှီခိုပြီး သွားရမလဲ ဆိုတော့ ကြော်ငြာကိုပဲ မှီခိုပြီး သွားရမယ်။ ကြော်ငြာရရင် အရှုံး သက်သာမယ်၊ မရှုံးဘူး။ ကြော်ငြာ မရဘူး ဆိုရင်တော့ ရှုံးမယ်၊ ရေရှည်မှာ ရပ်တည်ဖို့...

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

by ဧရာဝတီ
27 April 2015
28.2k

သြစတြေးလျရုပ်သံလိုင်းတခု ဖြစ်သည့် Nine Network ၏ “မိနစ် ၆၀ (60 Minuites)” အစီအစဉ်က သူ၏ အသုံးအဖြုံး ကြီးမားမှုကို ဖွင့်ချခဲ့သည်။

စာရေးဆရာ မင်းလူ ကွယ်လွန်

စာရေးဆရာ မင်းလူ ကွယ်လွန်

by စနေလင်း
15 August 2013
5.5k

ကဗျာကြောင့် လူ ၁ ထောင်ကျော် အဖမ်းခံ လိုက်ရသော လူဖမ်းပွဲကြီးတွင် မိမိနှင့်အတူ ဆရာ မင်းလူ၊ ကိုစိုးနိုင်တို့က ထောင် ၇ နှစ် ချခံလိုက်ကြ ရကြောင်း၊ စစ်ကြောရေး တွင်လည်း မိမိတို့က သူမရေးကြောင်း...

Next Post
မောင်တောမှာ ကင်တာနာကို ဆန္ဒပြ

မောင်တောမှာ ကင်တာနာကို ဆန္ဒပြ

အစိုးရအတွင်း ပြောင်းလဲရေး လုပ်ရမည့်အချိန်

စစ်ရေးနည်း တခုတည်းဖြင့် ရေရှည်လုံခြုံမှု မတည်ဆောက်နိုင်

Please login to join discussion
No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
2.9k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate